သမ္မတအဖြစ် ရွေးကောက်ခံထားရတဲ့ ဒေါ်နယ်ထရမ့်ပ်ဟာ အမေရိကန်မှာ အပိတ်ခံရတော့မယ့် TikTok ရဲ့ စီအီးအို ရှိုဇီချူးနဲ့ မာအာလာဂိုးမှာ တွေ့ဆုံခဲ့တယ်လို့ သတင်းရင်းမြစ်တွေက အတည်ပြုပါတယ်။
ဒီဇင်ဘာ ၁၆ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတခုမှာ ထရမ့်ပ်က သူ့နှလုံးသားမှာ TikTok အတွက် နွေးထွေးတဲ့နေရာတခု ရှိတယ်လို့ ပြောကြားခဲ့အပြီးမှာ အခုတွေ့ဆုံမှု ဖြစ်ပေါ်ခဲ့တာလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့လ သမ္မတရွေးကောက်ပွဲမှာ လူငယ်မဲဆန္ဒရှင်တွေကို ဆွဲဆောင်ဖို့ TikTok က ကူညီပေးခဲ့တယ်လို့လည်း ထရမ့်ပ်က ပြောခဲ့တာပါ။
ထရမ့်ပ်ဟာ သူ့ပထမသက်တမ်းတုန်းက TikTok ကို ပိတ်ဖို့ ကြိုးပမ်းခဲ့ဖူးပေမဲ့ နောက်ပိုင်း သဘောထားပြောင်းသွားတာ ဖြစ်ပါတယ်။
အခုအခါမှာတော့ TikTok အက်ပလီကေးရှင်းကို ကယ်တင်မယ်လို့ ပြောထားပါတယ်။ ဒါပေမဲ့ TikTok ရှယ်ယာတွေကို တရုတ်ကုမ္ပဏီ ByteDance က ရောင်းချင်ရောင်း၊ မရောင်းရင် အမေရိကန်မှာ အပိတ်ခံရမယ့် ဥပဒေကို နှစ်ပါတီစလုံးက လွှတ်တော်အမတ်တွေက အတည်ပြုထားတာ ဖြစ်ပါတယ်။ အဲဒီဥပဒေကို တရားရုံးကလည်း အတည်ပြုပေးထားပါတယ်။
ဒါပေမဲ့ အယူခံဝင်ထားချိန်မှာ ပိတ်ပင်မှုကို နှောင့်နှေးပေးဖို့အတွက် ယာယီတားဝရမ်းထုတ်ပေးဖို့ TikTok ကုမ္ပဏီဘက်က တရားရုံးချုပ်ကို အရေးပေါ်လျှောက်လဲချက် တင်ထားပါတယ်။
Source : Reuters