Home
နိုင်ငံတကာ
ဆိုရှယ်လစ်ဝါဒ တွန်းလှန်ရန်  လက်ယာညီညွတ်ရေး အာဂျင်တီးနားသမ္မတ တိုက်တွန်း
DVB
·
December 15, 2024
Photo: Elizabeth Frantz/Reuters

အာဂျင်တီးနားသမ္မတ ဟာဗီးယားမီလေး က ‘ဆိုရှယ်လစ်ဝါဒရဲ့ ရမ်းကားမှုတွေ’ကို ရင်ဆိုင်ဖို့ လက်ယာခေါင်းဆောင်တွေ စည်းလုံးညီညွတ်ကြဖို့ ဒီဇင်ဘာ ၁၄ ရက်က တိုက်တွန်းလိုက်ပါတယ်။ 

ကမ္ဘာတဝန်းက ကွန်ဆာဗေးတစ်ဝါဒီတွေအနေနဲ့  နိုင်ငံရေးနဲ့ ယဉ်ကျေးမှုနယ်ပယ်မှာ လက်ဝဲ အင်အားစုတွေ လွှမ်းမိုးမှုကို စိန်ခေါ်ဖို့ အချိန်တန်ပြီဖြစ်တယ်လို့လည်း ပြောပါတယ်။ 

အီတလီဝန်ကြီးချုပ် Meloni ရဲ့ Brothers of Italy ပါတီအစည်အးဝေးကို လာတက်တဲ့ မီလေးက “အခွင့်ထူးခံအုပ်စုတွေရဲ့ စနစ်ဟာ ပြိုကွဲနေပြီ။ နိုးထရေးလှုပ်ရှားမှု ဆိုတဲ့ နာမကျန်းဖြစ်မှုဟာ ခေါင်းဆောင်အသစ်၊ ကိုယ်စားလှယ်အသစ်တွေကို ရှာဖွေနေတဲ့ လူ့အဖွဲ့အစည်းရဲ့ တွန်းလှန်မှုကို ရင်ဆိုင်နေရပြီ” လို့ ဆိုပါတယ်။ 

Woke လို့ခေါ်တဲ့  လူမျိုးရေးတရားမျှတမှု၊ ကျား၊ မ သာတူညီမျှမှု၊ LGBT အခွင့်အရေးစတဲ့  နိုးထရေးလှုပ်ရှားမှုတွေ အလွန်အကျူး ဖြစ်လာတယ်လို့ ဝေဖန်မှုတွေရှိလာခဲ့ပြီးမှာ ဒေါ်နယ်ထရမ့်ပ်၊ မီလေး၊ မယ်လိုနီ တို့လို anti-woke လို့ခေါ်တဲ့ အင်အားစုတွေလည်း တန်ပြန် အားကောင်းလာခဲ့တာ ဖြစ်ပါတယ်။

အာဂျင်တီးနား သမ္မတ ဟာဗီးယားမီလေးဟာ ဒီတစ်ပတ်ထဲမှာ အီတလီနိုင်ငံသားအဖြစ်ပါ ခံယူခွင့်ရခဲ့ပါတယ်။  မီလေး က သူ့ရဲ့ အဘိုး အဘွား သုံးယောက်ဟာ အီတလီလူမျိုးတွေ ဖြစ်တဲ့အတွက် သူ့ကိုယ်သူ ‘အီတလီသွေး ၇၅ ရာခိုင်နှုန်း ပါဝင်တယ်’လို့ ခံစားရကြောင်း ပြောပါတယ်။ 

ဒါဟာ အီတလီနိုင်ငံမှာ မွေးဖွားကြီးပြင်းတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ ကလေးတွေကို နိုင်ငံသားဖြစ်ခွင့်မပေးဘဲ၊ အီတလီမျိုးရိုးရှိသူတွေကိုသာ နိုင်ငံသားဖြစ်ခွင့်ပေးနေတဲ့ ဥပဒေကို ဝေဖန်နေသူတွေအတွက်တော့ အမျက်ထွက်စရာ ဖြစ်ခဲ့ရပါတယ်။ 

အာဂျင်တီးနားမှာ အီတလီနိုင်ငံသား ၉ သိန်းကျော် နေထိုင်နေကြပြီး လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ ကျော်က အတ္တလန်တိတ်ဘက်ခြမ်းကို ပြောင်းရွှေ့အခြေချခဲ့ကြတဲ့ မျိုးဆက်သစ်တွေကို  အီတလီ နိုင်ငံသားဖြစ်ခွင့်ပေးနေဆဲ ဖြစ်ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024