ပဉ္စမမြောက် ပြင်သစ်သမ္မတနိုင်ငံကိုထူထောင်သူ ဗိုလ်ချုပ်ကြီး ချားစ်ဒီဂေါရဲ့ ကိုယ်ရေးမှတ်တမ်းနဲ့ အထိမ်းအမှတ်ပစ္စည်းတွေကို ဒီဇင်ဘာ ၁၆ ရက်နေ့ ကျရင် ပါရီမြို့မှာ လေလံတင်ရောင်းချသွားမှာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်ကာလက ပြင်သစ်ကိုဦးဆောင်ခဲ့တဲ့ ဗိုလ်ချုပ်ကြီး ဒီဂေါ စာရွက်စာတမ်းတွေထဲမှာ ငယ်ဘဝက ကျောင်းအမှတ်စာရင်းတွေ၊ စစ်အတွေ့အကြုံမှတ်တမ်းတွေနဲ့အတူ ပြင်သစ်အဆိုတော်နဲ့ အကပညာရှင် ဂျိုးဇက်ဖင်းဘေကာနဲ့ ပုဂ္ဂိုလ်ရေးပေးစာတွေလည်း ပါဝင်ပါတယ်။
၁၉၄၀ ခုနှစ် ဇွန် ၁၈ ရက်နေ့က ဗိုလ်ချုပ်ကြီး ဒီဂေါ လန်ဒန်မြို့မှာ ရေးသားပြီး BBC စတူဒီယိုမှာ အသံသွင်းခဲ့တဲ့ ဂျာမန်သိမ်းပိုက်မှုကို ဆက်လက်တော်လှန်ကြဖို့ တိုက်တွန်းချက် မူရင်းစာမူကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်။
လေလံပွဲမှာ LIP ကုမ္ပဏီကထုတ်လုပ်ခဲ့ပြီး ဗိုလ်ချုပ်ကြီးက ၁၉၆၀ ပြည့်လွန်နှစ်တွေမှာ ဝတ်ဆင်ခဲ့တဲ့ R 27 နာရီကိုလည်း ယူရို တသောင်းအထိ ရနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။
ချားစ်ဒီဂေါရဲ့ နောက်ဆုံးကျန်ရစ်တဲ့ သားဖြစ်သူ ရေတပ်ဗိုလ်ချုပ်ကြီး ဖိလစ်ဒီဂေါ ဟာ ဒီနှစ်ထဲ အသက် ၁၀၂ နှစ် အရွယ်မှာ ကွယ်လွန်သွားခဲ့ပါတယ်။
အဲဒီနောက်မှာ မိသားစုက နှစ်ပေါင်း ၅၀ နီးပါး သိမ်းဆည်းထားခဲ့တဲ့ ကိုယ်ရေးကိုယ်တာပစ္စည်းတွေနဲ့ စာရွက်စာတမ်းတွေကို လေလံတင်တာဖြစ်ပါတယ်။
Source: Reuters