ဆီးရီးယားသူပုန်တွေက သမ္မတ ဘာရှားအယ်လ်အာဆတ်ကို ဖြုတ်ချပြီးတဲ့နောက် ဆီးရီးယားနိုင်ငံ ပြန်လည်တည်ဆောက်ရေးအတွက် ဆီးရီးယား ရွှေ့ပြောင်းနေထိုင်သူတွေကို အိမ်ရှင်အဖြစ် လက်ခံထားတဲ့ တူရကီက ဆောင်ရွက်သွားမယ်လို့ တူရကီနိုင်ငံခြားရေးဝန်ကြီး ဟာခံဖီဒန်က ဒီဇင်ဘာ ၉ ရက်မှာ ပြောလိုက်ပါတယ်။
အိမ်နီးချင်းနိုင်ငံတွေနဲ့ လိုက်လျောညီထွေနေထိုင်တဲ့ ဆီးရီးယားနိုင်ငံသစ်ကို တူရကီက လိုချင်ပြီး တူရကီအစိုးရဟာ တောင်ပိုင်း အိမ်နီးချင်းကို ဒီလိုအောင်မြင်အောင် ကူညီပေးဖို့ အဆင်သင့်ဖြစ်နေတယ်လို့ ဖီဒန်က တူရကီ သံတမန်တွေကို ပြောခဲ့ပါတယ်။
IS စစ်သွေးကြွအဖွဲ့နဲ့ ကာ့ဒ်စစ်သွေးကြွတွေက ဆီးရီးယားနိုင်ငံတွင်း လက်ရှိအခြေအနေကို အခွင့်ကောင်းယူခွင့် မပြုခြင်းအားဖြင့် ဆီးရီးယားဟာ အကြမ်းဖက်ဝါဒအတွက် လုံခြုံတဲ့ ခိုကိုးရာ ဖြစ်မလာစေရေး တူရကီအစိုးရက ဆောင်ရွက်သွားမယ်လို့လည်း သူက ဆက်ပြောပါတယ်။
ဆီးရီးယားနိုင်ငံ ပြန်လည်တည်ဆောက်ရေးကနေ အကျိုးအမြတ်ရဖို့ မျှော်လင့်ထားလို့ တူရကီ ဆောက်လုပ်ရေးနဲ့ ဘိလပ်မြေကုမ္ပဏီတွေရဲ့ ရှယ်ယာတွေလည်း တနင်္လာနေ့က မြင့်တက်လာခဲ့ပါတယ်။
Source : Reuters