နယ်သာလန်နိုင်ငံရဲ့ မြို့တော် သဟိတ်က လူနေရပ်ကွက်တခုမှာ ဒီဇင်ဘာ ၇ ရက်က ပေါက်ကွဲမှုနဲ့ မီးလောင်မှုဖြစ်လို့ တိုက်ခန်းအဆောက်အအုံပြိုကျခဲ့ပြီး လူ ၄ ယောက်ထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ မီးသတ်ဌာနက ပြောပါတယ်။
အခင်းဖြစ်ပွားရာနေရာဆီရောက်လာတဲ့ မီးသတ်သမားတွေက မီးငြှိမ်းသတ်အပြီး ပေါက်ကွဲလို့ ဖြစ်လာတဲ့အပျက်အစီးတွေကို ဖယ်ရှားခဲ့ပါတယ်။ ပေါက်ကွဲမှုကြောင့် ဧရိယာအတွင်း မော်တော်ယာဉ်အချို့ ပျက်စီးခဲ့ပါတယ်။
ကျယ်လောင်တဲ့ ပေါက်ကွဲသံနဲ့အတူ အခင်းဖြစ်ရာနေရာကနေ မီးခိုးမည်းတွေတက်လာပြီး ထိတ်လန့်တုန်လှုပ်စရာ မြင်ကွင်းကို ဒေသခံတွေက ပြောပြခဲ့ပါတယ်။
ပေါက်ကွဲမီးလောင်ရတဲ့ အကြောင်းရင်းကို ချက်ချင်းမသိရသေးပါဘူး။ ၀န်ကြီးချုပ် ဒစ်ရှ်ဟုတ်ဖှ်က သဘာဝဘေးအန္တရာယ်တွေကြောင့် ထိတ်လန့်ခဲ့ရပြီး ဒေသဆိုင်ရာ အာဏာပိုင်တွေဆီ အကူအညီတွေပေးခဲ့တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Source: Reuters