ချန်ပီယံအဆုအတွက် ပြောဖို့စောလွန်းနေသေးတယ်လို့ ချဲလ်ဆီးကွင်းလယ် တိုက်စစ်ကစားသမား ကိုးပါလ်မာက ပြောသွားပါတယ်။
ချဲလ်ဆီးအသင်းဟာ ပွဲစဉ် ၁၃ အပြီးမှာ အာဆင်နယ်နဲ့ ရမှတ်တူ၊ အဝေးဂိုးစည်းမျဉ်းအရ အဆင့် ၃ မှာ ရပ်တည်နေပြီး ထိပ်ဆုံးက လီဗာပူးနဲ့ ၉ မှတ်ကွာဟနေတာပါ။
ချဲလ်ဆီးရဲ့ ချန်ပီယံဖြစ်နိုင်မယ့် အခွင့်အလမ်းအပေါ် မေးမြန်းရာမှာ ပြောဖို့စောလွန်းနေသေးပြီး နိုင်ပွဲတွေ ဆက်လက်ရယူနိုင်မယ်ဆိုရင်တော့ ဆုဖလားနဲ့ အနီးကပ်ဆုံးနေရာဆီ ရောက်ရှိလာမှာဖြစ်တယ်လို့ ပါလ်မာက ပြောပါတယ်။
ဒါပေမဲ့ နည်းပြ မာရက်စ်ကာပြောထားသလို မန်စီးတီး၊ လီဗာပူးနဲ့ အာဆင်နယ်တို့က ၅ နှစ်ကျော်လောက် ချန်ပီယံလုခဲ့ကြတာဖြစ်လို့ ချန်ပီယံဆုအတွက်ဆိုတာထက် နိုင်ပွဲတွေ ဆက်လက်ရယူနိုင်ဖို့သာ ပစ်မှတ်ထားသင့်ကြောင်း ပါလ်မာက ပြောသွားပါတယ်။
Photo: Reuters