Home
မြန်မာသတင်း
ဂွမြို့အနီးတွင် စစ်ကောင်စီတပ်နှင့် AA တိုက်ပွဲပြင်းထန်
DVB
·
December 3, 2024

ရခိုင်ပြည်နယ်၊ ဂွမြို့နယ်ထဲက တိုက်ပွဲတွေဟာ မြို့နဲ့ တဖြည်းဖြည်းနီးကပ်လာပြီး သံတွဲ-ဂွ လမ်းမကြီးအတိုင်းဆိုရင် မြို့နဲ့ ၆ မိုင် အကွာလောက်က ရွာသစ်ကုန်းဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေတာ ၃ ရက်ဝန်းကျင်ရှိလာပြီလို့ ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ နောက်ဆုံးအပတ်ထဲမှာ မြို့နဲ့ ၁၀ မိုင်အကွာကို အာရက္ခတပ်တော် AA တပ်တွေ ရောက်နေတာဖြစ်ပြီး ဒီဇင်ဘာ ၃ ရက်အထိဆိုရင် ချင်းကုန်း၊ ရွှေတွင်းတူး အပါအဝင် ဇီးခုံကမ်းခြေ၊ တင်းတောကမ်းခြေနေရာတွေကိုလည်း ထိန်းချုပ်လိုက်ပြီလို့ ဆိုပါတယ်။

“ရွာသစ်ကုန်းမှာပဲ ပစ်နေတာ။ မနက်ကတော့ တင့်ကား ၂ စီးနဲ့ စစ်ကား ၂ စီးသွားတာမြင်လိုက်တယ်လေ။ အဲတာပြီးတော့ စစ်ကြောင်းတွေက ကျောက်ကြီးရွာမှာ ဘုရားတောင်မှာ တပ်စွဲထားတယ်။ ပြီးတော့ လမ်းတလျှောက်မှာလည်း ကင်းပုန်းတွေချထားတာပေါ့” လို့ တိုက်ပွဲဖြစ်တဲ့ ရွာသစ်ကုန်းနဲ့ မနီးမဝေးမှာနေတဲ့ ဒေသခံတယောက်က DVB ကို ပြောပါတယ်။

ဒါကြောင့် အနီးပတ်ဝန်းကျင်ကရွာတွေမှာ နေထိုင်သူသိပ်မရှိတော့ဘဲ ဧရာဝတီတိုင်းအပါအဝင် နီးစပ်ရာတွေဆီ ထပ်မံစစ်ရှောင်နေကြကြောင်း သူကပြောပါတယ်။

တပ်မြေပုံစာရင်းအရ ဂွမြို့နယ်မှာ ခမရ (၅၆၂)၊ ခမရ (၅၆၃) တပ်တွေ အခြေစိုက်ပေမဲ့ စစ်တပ်က ဧရာဝတီတိုင်းဘက်ကနေ တပ်အင်အားအလုံးအရင်းနဲ့ ပို့ဆောင် ခံစစ်ပြင်နေကြောင်း သိရပါတယ်။

အလားတူ စစ်တပ်က ဂွမြို့နယ်ထဲမှာ လျှပ်စစ်မီး၊ ဖုန်း၊ အင်တာနက်လိုင်းတွေ ဖြတ်တောက်ထားသလို အခြေခံစားသောက်ကုန်တွေကိုလည်း သယ်ယူခွင့်မပြုတာကြောင့် ဒေသခံနဲ့ စစ်ရှောင်တွေအတွက် အကူအညီတွေ လိုအပ်နေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013