Home
နိုင်ငံတကာ
နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းနိုင်ရန် ရွေးကောက်ပွဲ ပြန်ကျင်းပရမည်ဟု ဂျော်ဂျီယာသမ္မတ ပြော
DVB
·
December 3, 2024
Photo: REUTERS/Irakli Gedenidze

ဂျော်ဂျီယာ နိုင်ငံရေးအကျပ်အတည်းက လွတ်မြောက်မယ့် တခုတည်းသောနည်းလမ်းဟာ ပြီးခဲ့တဲ့လက အငြင်းပွားနေတဲ့ လွှတ်တော်ရွေးကောက်ပွဲတွေကို ပြန်လည်ကျင်းပတာပဲ ဖြစ်တယ်လို့ သူ့အစိုးရနဲ့ ထိပ်တိုက်ရင်ဆိုင်မှုမှာ ကျဉ်းထဲကျပ်ထဲ ရောက်နေတဲ့ ဂျော်ဂျီယာသမ္မတ ဆာလိုမဲ ဇိုရာဘစ်ချ်ဗီလီက ဒီဇင်ဘာ ၂ ရက် ရိုက်တာသတင်းဌာနနဲ့ အင်တာဗျူးမှာ ပြောပါတယ်။

အာဏာရ ဂျော်ဂျီယာဒရင်းမ်ပါတီဟာ ပြီးခဲ့တဲ့သီတင်းပတ်က ဥရောပသမဂ္ဂကို ဝင်ရောက်မယ့်ကိစ္စအပေါ် ဆွေးနွေးပွဲတွေကို ဆိုင်းငံ့ထားကြောင်း ကြေညာလိုက်အပြီး ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့တဲ့ ၄ ရက်မြောက်ညမှာ ဆန္ဒပြသူတွေနဲ့ ရဲတွေကြား ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပြီးနောက် သမ္မတ ဇိုရာဘစ်ချ်ဗီလီက ရိုက်တာသတင်းဌာနကို ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ဒါဟာ ရုရှားသြဇာခံ ဂျော်ဂျီယာအနေနဲ့ အနောက်နိုင်ငံတွေ လိုလားတဲ့ မူဝါဒတွေကနေ ဝေးကွာပြီး မော်စကိုရဲ့ လမ်းကြောင်းဆီကိုပဲ ပြန်‌ရောက်သွားမယ့် အတည်ပြုချက်အဖြစ် ဝေဖန်သူတွေက ပြောဆိုကြပြီး အာဏာရပါတီကတော့ ငြင်းဆိုထားပါတယ်။

ပွဲအခမ်းအနားတွေမှာ မျက်နှာပြရုံ အာဏာလောက်ကို ကိုင်စွဲထားတယ်လို့ ဝေဖန်ခံရတဲ့ သမ္မတ ဇိုရာဘစ်ချ်ဗီလီ ကတော့ ယူကရိန်းနဲ့ စစ်ဖြစ်နေတဲ့ ရုရှားဟာ ဂျော်ဂျီယာနဲ့ ဆန့်ကျင်ဘက် ပေါင်းစပ်မဟာဗျူဟာကို လုပ်ဆောင်နေတယ်လို့ ပြောဆိုပါတယ်။

ဇိုရာဘစ်ချ်ဗီလီက အခုလအတွင်း သူ့သမ္မတသက်တမ်း ကုန်ဆုံးချိန်မှာ ရာထူးက ဆင်းပေးမှာမဟုတ်ဘဲ အကြောင်းကတော့ သူ့နေရာကို ဆက်ခံမယ့်သူကို ပါလီမန်က ရွေးခဲ့တဲ့ အောက်တိုဘာလ ရွေးကောက်ပွဲတွေမှာ လိမ်ညာနေတယ်လို့ အတိုက်အခံတွေက ပြောနေကြတာကြောင့်လို့ ဆိုပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကတော့ ဆန္ဒမဲက တရားမျှတတယ်လို့ ပြောပါတယ်။

တနင်္ဂနွေနေ့ကတော့ ဝန်ကြီးချုပ် ကိုဘာခစ်ဒ်ဇေက သမ္မတဟာ အတိုက်အခံတွေရဲ့ ရွေးကောက်ပွဲ ရှုံးနိမ့်မှုကို စိတ်ပိုင်းဆိုင်ရာအရ တုံ့ပြန်ခဲ့တာ ဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး အခုလကုန်မှာ သမ္မတအိမ်တော်က ထွက်ခွာရမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013