Home
နိုင်ငံတကာ
ထိုင်းတောင်ပိုင်းနှင့် မလေးရှားတွင် အဆိုးရွားဆုံးရေကြီးပြီး လူ ၁၀ ဦးကျော်သေဆုံး
DVB
·
December 1, 2024
Photo: Poh Teck Tung Foundation/via REUTER

ထိုင်းနိုင်ငံတောင်ပိုင်းနဲ့ မလေးရှား မြောက်ပိုင်းတို့မှာ ဆယ်စုနှစ်တွေအတွင်း အဆိုးရွားဆုံး ရေကြီးမှုကြောင့် သေဆုံးသူဦးရေဟာ နိုဝင်ဘာ ၃၀ ရက်မှာ ၁၂ ဦးထက်မနည်းအထိ မြင့်တက်လာခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။

လွန်ခဲ့တဲ့ ၃ ရက်အတွင်း ရေမြင့်တက်လာလို့ လူပေါင်းသောင်းနဲ့ချီ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းခဲ့ရတယ်လို့လည်း အာဏာပိုင်တွေက ပြောပါတယ်။ 

ထိုင်းနိုင်ငံတောင်ပိုင်းမှာ ရေကြီးလို့ အိမ်ထောင်စု ၅၃၄,၀၀၀ နီးပါး ထိခိုက်ခဲ့ပြီး သေဆုံးသူ ၉ ဦးအထိ တိုးလာခဲ့တာပါ။ 

ရေဘေးသင့်ဒေသတွေက ယာယီခိုလှုံရာ နေရာပေါင်း ၂၀၀ မှာ လူထောင်ချီ ခိုလှုံနေရတယ်လို့ ဘေးအန္တရာယ်ကာကွယ်ရေးနဲ့ လျော့ပါးရေးဦးစီးဌာနက ပြောပါတယ်။ 

ဆုန်ခလာပြည်နယ် ချန်န ခရိုင်မှာ နှစ် ၅၀ အတွင်း အဆိုးရွားဆုံးရေကြီးမှုဒဏ်ကို ခံစားခဲ့ရပြီး ရေကြီးရေလျှံမှုကြောင့် အိမ်တွေထဲကလူတွေကို ထရပ်ကားတွေနဲ့ သယ်ထုတ်ခဲ့ရတာပါ။ 

စနေနေ့က ရေကြီးမှုကြောင့် လူတွေ အိမ်ခေါင်မိုးပေါ် တက်နေခဲ့ရပြီး ထိုင်းနိုင်ငံတောင်ပိုင်း ဒေသအများအပြားမှာ စနေနေ့မှာ မိုးသည်းနိုင်သလို ရေထပ်ကြီးနိုင်တယ်လို့ ထိုင်းမိုးလေဝသဌာနက သတိပေးထားပါတယ်။

အိမ်နီးချင်း မလေးရှားနိုင်ငံမှာလည်း ရေကြီးလို့ ပြည်နယ် ၉ ခုမှာ လူပေါင်း ၁၃၉,၀၀၀ နီးပါး ထိခိုက်ခဲ့ပြီး ၃ ဦး သေဆုံးခဲ့တယ်လို့ အမျိုးသားသဘာဝဘေးအန္တရာယ်ကွပ်ကဲမှုစင်တာက ပြောပါတယ်။ 

အိမ်နီးချင်း ဖိလစ်ပိုင်နိုင်ငံမှာ နိုဝင်ဘာလအတွင်း တိုင်ဖွန်းမုန်တိုင်း ၆ ကြိမ် ဝင်ရောက် တိုက်ခတ်ခဲ့ပြီး ပျက်စီးဆုံးရှုံးတာတွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ခဲ့ပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013