Home
နိုင်ငံတကာ
ဩစတြေးလျတွင် ၁၆ နှစ်အောက် ဆိုရှယ်မီဒီယာသုံးခွင့်ပိတ်သည့် ဥပဒေ အတည်ပြု
DVB
·
November 29, 2024
Photo : AUSTRALIAN PARLIAMENT BROADCASTING

ဩစတြေးလျနိုင်ငံမှာ အသက် ၁၆ နှစ်အောက် ကလေးတွေ ဆိုရှယ်မီဒီယာ အသုံးပြုခွင့်ကို တားမြစ်တဲ့ ဥပဒေကို အောက်တိုဘာ ၂၈ ရက်က အတည်ပြုလိုက်ပါတယ်။

ဒီဥပဒေအရ Instagram၊ X (ယခင်တွစ်တာ)၊ Snapchat နဲ့ တခြားဆိုရှယ်မီဒီယာတွေမှာ ၂၀၂၅ နှစ်ကုန်ပိုင်းကစပြီး အသက် ၁၆ နှစ်အောက် ကလေးတွေ အကောင့်ဖွင့်လို့မရ၊ သုံးခွင့်ရှိတော့မှာ မဟုတ်ပါဘူး။

ဒါကို မလိုက်နာတဲ့ နည်းပညာကုမ္ပဏီကြီးတွေကို အမြင့်ဆုံး ဩစတြေးလျဒေါ်လာ သန်း ၅၀ နီးပါး (အမေရိကန်ဒေါ်လာ သန်း ၃၀ ကျော်) အထိ ဒဏ်ကြေးချမှတ်သွားမှာ ဖြစ်ပါတယ်။

ဒီဥပဒေကို မိဘတွေက ထောက်ခံကြပေမဲ့ ကလေးအခွင့်အရေးအဖွဲ့တွေကတော့ ကန့်ကွက်ခဲ့ကြပါတယ်။

ဒါပေမဲဲ့ စစ်တမ်းတွေအရ ဩစတြေးလျပြည်သူ ၇၇ ရာခိုင်နှုန်းက ဒီဥပဒေကို လိုလားကြပါတယ်။

ဒီဥပဒေကို စမ်းသပ်အကောင်အထည်ဖော်တာကို ၂၀၂၅ ဇန်နဝါရီလမှာ စတင်မှာဖြစ်ပြီး တနှစ်အကြာမှာ အပြီးသတ် စတင်အသက်ဝင်မှာ ဖြစ်ပါတယ်။

Meta၊ Snap စတဲ့ ကုမ္ပဏီတွေက ဒီဥပဒေကို လိုက်နာမယ်လို့ ပြောထားပေမဲ့ ဥပဒေပြဋ္ဌာန်းတဲ့ လုပ်ငန်းစဉ်က အလျင်စလို လုပ်ဆောင်ခဲ့တယ်လို့ စိုးရိမ်ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

YouTube ကိုတော့ ကျောင်းတွေမှာ သင်ကြားရေးအတွက် အသုံးများတဲ့အတွက် ဒီဥပဒေကနေ ကင်းလွတ်ခွင့် ပေးထားပါတယ်။

X လူမှုကွန်ရက် ပိုင်ရှင် အီလွန်မတ်စ်ခ် ကတော့ သူ့ရဲ့ ပို့စ်တခုမှာ ဒီဥပဒေဟာ “ဩစတြေးလျနိုင်ငံသားအားလုံးရဲ့ အင်တာနက်အသုံးပြုမှုကို နောက်ကွယ်က ထိန်းချုပ်ဖို့ နည်းလမ်းတခု” ဖြစ်နိုင်တယ်လို့ ဝေဖန်ခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013