Home
မြန်မာသတင်း
မြန်မာကျားဖြန့်ဂိုဏ်းများဆီ ဖြားယောင်းခံရမှုမှ ကာကွယ်ရန် မဲဆောက်တွင် ဂိတ်ချစစ်ဆေးမည်
DVB
·
November 29, 2024
Photo-Bangkok Post

မြန်မာနိုင်ငံရှိ တရားမဝင် ကျားဖြန့်အွန်လိုင်းရာဇဝတ်ဂိုဏ်းတွေဆီကို နိုင်ငံခြားသားတွေ ဖြားယောင်းသွေးဆောင် ပို့ဆောင်ခံနေရတာကနေ   အကာအကွယ်ပေးဖို့ ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မှာ ရဲတပ်ဖွဲ့က အချိန် တလကြာ ဂိတ်ချစစ်ဆေးနေတယ်လို့ Bangkok Post သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ စစ်ဆေးရေးဂိတ်ကိုတော့ အိမ်နီးချင်းမြန်မာနိုင်ငံဆီသွားရောက်ဖို့ အဓိက လမ်း ကြောင်းအနေနဲ့ အသုံးပြုလေ့ရှိတဲ့ မဲဆောက်ခရိုင် အဝေးပြေးလမ်းမကြီး ၁၂ မှာ ချထားတယ်လို့ လူကုန်ကူးမှု တားဆီးနှိမ်နင်းရေးဌာနက ဗိုလ်မှူးကြီး ဆာရူတီ ကွမ်ဆိုပါက နိုဝင်ဘာ ၂၇ ရက်မှာ ပြောလိုက်ပါတယ်။

“နိုင်ငံခြားဟာ အများစုဟာ ထိုင်းနိုင်ငံကို တရားမဝင်ဖြစ်စေ၊ တရားဝင်ဖြစ်စေ ရောက်လာကြပြီး အလုပ်လုပ်ဖို့ တဖက်အိမ်နီးချင်းနိုင်ငံကို ဆက်သွားတဲ့အခါ မဲဆောက်ကို ဖြတ်ပြီး သွားလာကြတာကို အချက်အလက်တွေက ညွန်ပြနေပါတယ်။ တချို့ကတော့ တရားမဝင် အလုပ်အကိုင်တွေအတွက် ဖြားယောင်းခံခဲ့ရတယ်။”

မဲဆောက်ခရိုင် အဝေးပြေး လမ်းမကြီး ၁၂ ကတော့ နိုင်ငံခြားသားတွေအနေနဲ့ တရားမ ဝင်လမ်းကြောင်းကရော တရားဝင် အထောက်အထားနဲ့ပါ မကြာခဏအသုံးပြုလေ့ရှိကြ တာကြောင့် ခုလိုဂိတ်ချ စစ်ဆေးတာဖြစ်ပြီး အထူးသဖြင့် တရုတ်နိုင်ငံသားတွေကို စကဲန် ဖတ်စစ်ဆေးတာတွေ အဓိက လုပ်ဆောင်သွားမယ်လို့လည်း သူက ဆိုပါတယ်။

စစ်ဆေးရာမှာတော့ မြန်မာနိုင်ငံဆီ သူတို့ရဲ့ ခရီးစဉ်မှာ တရားမဝင်အလုပ်အကိုင်တွေအတွက် သွေးဆောင်ဖြားယောင်းခံရနိုင်ခြေတွေကို သတိပေးသွားမှာဖြစ်ပြီး စစ်ဆေးရေးဂိတ်ကို တလကြာ လည်ပတ်မယ်လို့လည်း ပြောပါတယ်။

နိုဝင်ဘာ ၂၅ ရက်မနက်က ထိုင်း-မြန်မာနယ်စပ်၊ တာ့ခ်ခရိုင်၊ မဲဆောက်မြို့နယ်ထဲမှာ  မြန်မာဘက်ခြမ်း ကျားဖြန့်အွန်လိုင်းငွေလိမ်ဂိုဏ်းကနေ ထွက်ပြေးလွတ်မြောက်လာတဲ့  နိုင်ငံခြားသား ၃၉ ယောက်ကို ထိုင်းအစိုးရက ကူညီပေးခဲ့ရပါတယ်။ 

Source: Bangkok Post

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013