Home
မြန်မာသတင်း
စင်ကာပူအိမ်ရှင်၏ ခွေးကို ရိုက်သတ်ခဲ့သည့် မြန်မာအိမ်အကူ ထောင် ၉ လချမှတ်ခံရ 
DVB
·
November 28, 2024
Photo-channelnewsasia

စင်ကာပူနိုင်ငံမှာ အိမ်ရှင်ဖြစ်သူရဲ့ အိမ်မွေးခွေးကလေးတကောင်ကို ရိုက်နှက်သတ်ဖြတ်ခဲ့တဲ့ မြန်မာအိမ်အကူအမျိုးသမီးတဦးကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၆ ရက်မှာ ထောင်ဒဏ် ၉ လ ချမှတ်လိုက်တဲ့အကြောင်း Channel News Asia သတင်းမှာ ဖော်ပြပါတယ်။

ထောင်ဒဏ်ချမှတ်ခံရသူ အိမ်အကူအမျိုးသမီးကိုတော့ အသက် ၂၆ နှစ်အရွယ် Junny Lal Awn Pui လို့ ဖော်ပြပြီး တိရစ္ဆာန်ညှဉ်းပန်းနှိပ်စက်မှုဆိုင်ရာ အက်ဉပဒေအောက် ပြစ်မှု ၃ ခုနဲ့ အပြစ်ရှိကြောင်း တွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

အမျိုးသားဥယျာဉ်များဘုတ်အဖွဲ့ (NParks) ရဲ့ တိရစ္ဆာန်ဆေးကုသရေး အစီရင်ခံစာအရ ဘွိုင်းဘွိုင်း အမည်ရတဲ့ အဆိုပါအညိုရောင်ခွေးအထီးလေးဟာ သေဆုံးသည်အထိ ညှဉ်းပန်းနှိပ်စက်ခံထားရတာကို စစ်ဆေးတွေ့ရှိရတယ်လို့ ဆိုပါတယ်။

ဒီအမှုဟာ အခုနှစ်အစောပိုင်းက Voice for Animals အမည်ရ တိရစ္ဆာန်အခွင့်အရေးဆိုင်ရာ ပရဟိတအဖွဲ့အစည်းရဲ ဥက္ကဋ္ဌ ဒဲရစ်တန်ရဲ့ ဖေ့စ်ဘွတ်ခ်ပို့စ်တခုက စတင်ခဲ့တာဖြစ်ပြီး သူတင်ထားတဲ့ စီစီတီဗွီ ရုပ်သံဗွီဒီယိုဖိုင်ထဲမှာ မြန်မာအိမ်အကူအမျိုးသမီးက အိမ်မွေးခွေးလေးကို ရိုက်နှက်နေတာကို တွေ့ရှိခဲ့ကြရတာပါ။ 

ရုပ်သံဗွီဒီယိုဖိုင်ထဲတခုမှာတော့ သူက ခွေးကလေးကို လည်ပင်းကနေကိုင်ပြီး ကြမ်းပြင် ပေါ်  လှဲချနေတာကို တွေ့ရပြီး ခွေးကလေးက ရုန်းကန်နေချိန် ရှည်လျားမာကြောတဲ့ တုတ်နဲ့တူတဲ့ အရာနဲ့ ၂ ကြိမ် ရိုက်နှက်ခဲ့တာကို တွေ့ရပါတယ်။

နောက်ထပ် ရုပ်သံဗွီဒီယိုဖိုင်ထဲမှာတော့ ခွေးကလေးကို ချည်နှောင်ထားပြီး ခေါင်းကို တုတ်နဲ့ ရိုက်ခဲ့တဲ့အပြင် လသာဆောင်လက်ရမ်းကနေ ကြိုးနဲ့ တွဲလောင်းဆွဲထားခဲ့တာကိုလည်း တွေ့ရှိခဲ့ရတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

တရားရုံးစာရွက်စာတမ်းတွေအရ မြန်မာအိမ်အကူအမျိုးသမီးဟာ ဟန်အမည်ရတဲ့ အသက် ၃၇ နှစ်အရွယ် သူ့ရဲ့ အလုပ်ရှင်ဆီကနေ ခန့်မှန်းခြေအသက် ၁၅ နှစ်အရွယ်ရှိတဲ့ ခွေးကလေးကို ထိန်းသိမ်းစောင့်ရှောက်ဖို့ ခိုင်းစေခံထားခဲ့ရတာလို့ ဆိုပါတယ်။

ဒီခွေးလေးရဲ့ ပိုင်ရှင်ကတော့ လိုင်အမည်ရတဲ့ အသက် ၄၃ နှစ်အရွယ် ဟန်ရဲ့ ချစ်သူနဲ့ သူ့ အရင်ရည်းစားဟောင်း ယက်ပ်တို့ ဖြစ်ကြပြီး လွန်ခဲ့တဲ့ ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလကတည်းက မွေးခဲ့ကြတာလို့ ဆိုပါတယ်။

၂၀၁၈ ခုနှစ်မှာတော့ လိုင်က ချစ်သူ ယက်ပ်နဲ့ လမ်းခွဲကြပြီးနောက် ခွေးကလေးကို သူ့အိမ်မှာ ဆက်လက်ထားရှိခဲ့ပြီး ဟန်နဲ့ နောက်ထပ် ချစ်သူတွေဖြစ်ခဲ့ကြချိန်မှာတော့ ခွေကလေးကို ဟန်ရဲ့  အိမ်မှာ ဆက်လက်ထားရှိဖို့ သဘောတူညီခဲ့ကာ ခွေးကလေး အိပ်တဲ့ ဝရံတာမှာ စီစီတီဗွီစောင့်ကြည့်ကင်မရာတပ်ဆင်ထားခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ဟန်ရဲ့ ညွှန်ကြားမှုအောက်မှာ  အိမ်အကူအမျိုးသမီး Junny Lal Awn Pui ဟာ ဟန်ရဲ့ တခြားခွေး ၂ ကောင်နဲ့ ဘွိုင်းဘွိုင်းကို သီးခြားစီခွဲထားပြီး ကျွေးမွေးဖို့ ခိုင်းစေခံခဲ့ရတယ်လို့ ဆိုပါတယ်။

လတ်တလောမှာတော့ ခွေးကလေးအပေါ် ရိုက်နှက်ခဲ့တဲ့ အိမ်အကူရဲ့ သက်ရောက်တဲ့ အားပမာဏက ခေါင်းကိုက်ခဲ့နာကျင်စေတဲ့အထိ ဖြစ်စေခဲ့ကြောင်း အစိုးရရှေ့နေတွေက ပြောကြားခဲ့ပြီး တိရစ္ဆာန်ဆေးကုဆရာဝန်တွေရဲ့ အစီရင်ခံစာမှာတော့ ဒါတွေက ခွေးကလေးကို သေစေလောက်တဲ့အထိ ပံ့ပိုးကူညီနိုင်ခဲ့တယ်လို့ ဖော်ပြပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013