မန်စီးတီးကွင်းလယ်လူ ကီဗင်ဒီဘရိုင်းဟာ အသင်းမှာဆက်ရှိဖို့ မသေချာတဲ့အခြေအနေရောက်နေ ပါတယ်။
အခုနှစ်ရာသီအကုန်မှာစာချုပ်သက်တမ်းကုန်ဆုံးမယ့် ဒီဘရိုင်းကို မန်စီးတီးဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းထားတာ မရှိသေးတာကြောင့် လာမယ့်ရာသီမှာ ဆက်ရှိဖို့ မသေချာတော့တာပါ။
အခုနှစ်ရာသီအစကတည်းက စာချုပ်ကိစ္စဆွေးနွေးရလိမ့်မယ်လို့ ထင်မှတ်ခဲ့ပေမဲ့ ဒဏ်ရာရရှိ ခဲ့တာကြောင့် ဖြစ်မလာခဲ့ကြောင်း၊ အသင်းမှာဆက်ရှိ၊ မရှိ ဆုံးဖြတ်ပိုင်ခွင့်ကအသင်းအပေါ်မှာပဲ မူတည်ကြောင်း ဒီဘရိုင်းက ပြောသွားပါတယ်။
အသင်းဘက်က ကမ်းလှမ်းမှု ရှိမလာခဲ့ဘူးဆိုရင်တော့ အခုနှစ်ဘောလုံးရာသီက နောက်ဆုံးကစားတဲ့ နှစ်ဖြစ်သွားနိုင်ကြောင်း၊ ဘောလုံးကောင်းကောင်းပြန် ကစားချင်ပြီး အနာဂတ်နဲ့ ပတ်သက်လို့ စောင့်ကြည့်သွားရုံသာရှိကြောင်း ဒီဘရိုင်းက ပြောသွားပါတယ်။
Photo-Reuters