ကစားကွက်အသစ်မှာ အလိုက်ဖက်ဆုံးဖြစ်နိုင်မယ့် မန်ယူကစားသမားတယောက်ကို နည်းပြသစ် အာမိုရင်က ထုတ်ဖော်ပြောဆိုသွားပါတယ်။
ပေါ်တူဂီနည်းပြဟာ မန်ယူအသင်းကို ၃-၄-၃ ကစားကွက်နဲ့ ပွဲထွက်ကစားစေမှာဖြစ်ပြီး အဲဒီကစားကွက်နဲ့ အလိုက်ဖက်ဆုံး ကစားသမားတယောက်ကို ထုတ်ဖော် ပြောပြသွားတာပါ။
အဲဒီကစားသမားက ကွင်းလယ်တိုက်စစ်ကစားသမား မေဆန်မောင့် ဖြစ်ပြီး သူဟာ ချဲလ်ဆီးမှာကတည်းက နည်းပြတူဟယ်လက်အောက်မှာ အဲဒီကစားကွက်မှာ ပွဲထွက်ကစားခဲ့ဖူးတယ်လို့ နည်းပြအာမိုရင်က ပြောပါတယ်။
၃--၄-၃ ကစားကွက်မှာ အရင်ကတည်းက ကစားခဲ့ဖူးသူဖြစ်လို့ မေဆန်အတွက် ပြီးပြည့်စုံစေပြီး နေရာ ၂ နေရာအထိ အသုံးပြုနိုင်တာကလည်း မေဆန်အတွက် ပျော်ရွှင်သင့်တဲ့အရာ ဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
မေဆန်မောင့်အနေနဲ့ ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရတာကြောင့် ခြေစွမ်းမပြနိုင်ခဲ့တာဖြစ်ပြီး လက်ရှိအချိန်မှာ အကောင်းဆုံးကြံ့ခိုင်မှုရဖို့ ပြင်းပြင်းထန်ထန် ကြိုးပမ်းနေသူဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။
နည်းပြသစ် အာမိုရင် ပထမဆုံး ကိုင်တွယ်ခဲ့တဲ့ မနေ့ညက မန်ယူအသင်းနဲ့ အစ်ဆွစ်တောင်းအသင်းတို့ရဲ့ ပွဲစဉ်မှာ တဖက် တဂိုးစီသရေကျခဲ့ပါတယ်။