မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ နိုင်ပွဲတွေရယူနိုင်ဖို့ အချိန်တခု ယူရဦးမယ်လို့ နည်းပြသစ် အာမိုရင်က ပြောသွားပါတယ်။
မန်ယူအသင်းဟာ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အစ်ဆွစ်တောင်းနဲ့ ပွဲစဉ်မှာ တစ်ဂိုးစီ သရေသာ ကစားနိုင်ခဲ့ပြီး အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် မေးခွန်းထုတ်မှုတွေလည်း ရှိလာခဲ့တာပါ။
နည်းပြအာမိုရင်ကတော့ သရေရလဒ်က ပရိသတ်တွေအတွက် စိတ်ပျက်စရာဖြစ်မှာမှန်ပေမဲ့ အပြောင်းအလဲတွေ အများကြီးလုပ်ထားတဲ့ အသင်းတသင်းအနေနဲ့ နိုင်ပွဲတွေရယူဖို့ အချိန်ယူရမှာလို့ ပြောပါတယ်။
မန်ယူအသင်းသားတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာအရ စိုးရိမ်မှုတွေရှိသလို ယုံကြည်မှုလည်း ပျောက်ဆုံးနေဆဲဖြစ်ကြောင်း နည်းပြအာမိုရင်က ပြောသွားပါတယ်။