မန်ယူအသင်းဟာ လိုင်လီမှာကစားနေတဲ့ အသင်းရဲ့ အကယ်ဒမီထွက် ကွင်းလယ်ကစားသမား အိန်ဂျယ် ဂိုမက်စ်ကို ပြန်လည်ခေါ်ယူနိုင်ဖို့ ကြိုးပမ်းနေပါတယ်။
အသက် ၂၄ နှစ်ရှိ ဂိုမက်စ်ဟာ အင်္ဂလန်ယာယီနည်းပြ လီကာစ်လေ လက်ထက်မှာ လက်ရွေးစင်အသင်း လူစာရင်းမှာ ပြန်လည်ရွေးချယ်ခံခဲ့ရသူပါ။
ဂိုမက်စ်ဟာ အခုနှစ်ရာသီအကုန်မှာ လိုင်လီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး မန်ယူအသင်းက ရာသီအကုန်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြန်လည်ခေါ်ယူဖို့ ကြိုးပမ်းနေတာပါ။
ဂိုမက်စ်ရဲ့ စွမ်းဆောင်ရည်ကို နည်းပြသစ် အာမိုရင်ကလည်း နှစ်သက်သဘောကျပြီး အရင်ကတည်းက ချီးကျူးစကားတွေ ဆိုခဲ့ဖူးတယ်လို့ သိရပါတယ်။
Photo: Reuters