အဇာဘိုင်ဂျန်မှာ ကျင်းပနေတဲ့ COP ရာသီဥတုဆိုင်ရာ ထိပ်သီးအစည်းအဝေးကို တက်ရောက်မယ့် အစ္စရေးသမ္မတ အိုက်ဆက်ခ် ဟဲဇော့ဂ်အတွက် သူ့ရဲ့လေပိုင်နက်ကို အသုံးပြုခွင့် မပြုဘူးလို့ တူရကီက ငြင်းဆိုထားကြောင်း တူရကီသမ္မတ တေယစ်ပ် အာဒိုဂန် က နိုဝင်ဘာ ၁၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
ဘာကူမှာ COP ထိပ်သီးအစည်းအဝေးကို တက်ရောက်မယ့် ဟဲဇော့ဂ်ရဲ့ ခရီးစဉ်အတွက် တူရကီရဲ့ လေပိုင်နက်ကို အသုံးပြုခွင့် မပေးပေမဲ့ တခြားလမ်းကြောင်းတွေနဲ့ တခြားရွေးချယ်စရာတွေကို အကြံပြုထားပါတယ်လို့ အာဒိုဂန်က ဘရာဇီးနိုင်ငံမှာ ကျင်းပတဲ့ G-20 ထိပ်သီးအစည်းအဝေးမှာ သတင်းထောက်တွေကို ပြောပါတယ်။
ပြီးခဲ့တဲ့ တနှစ်ကျော်က ပါလက်စတိုင်း အစ္စလာမ္မစ်အုပ်စုရဲ့ လူအသေအပျောက်များတဲ့ နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုအပြီးမှာ အစ္စရေးဟာ ဂါဇာမှာ ဟားမတ်စ်ကို ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာပါ။
တူရကီကလည်း ဂါဇာစစ်ပွဲ ဖြစ်ပွားပြီးနောက်မှာ ညှိနှိုင်းဆွေးနွေးဖို့အတွက် အစ္စရေးရှိ သူ့ရဲ့သံအမတ်ကို ဖယ်ရှားခဲ့ပါတယ်။
ဒါပေမဲ့ အစ္စရေးနဲ့ ဆက်ဆံရေးကို တရားဝင်ဖြတ်တောက်ထားခြင်း မရှိသေးဘဲ သံရုံးကိုတော့ ဖွင့်လှစ်ထားပြီး လည်ပတ်နေဆဲ ဖြစ်ပါတယ်။
Source : Reuters