မြေထဲပင်လယ်ရှိ သယံဇာတအခွင့်အရေး မညီမျှမှု ဆက်သည်းမခံတော့ဟု တူရကီသမ္မတပြော
DVB
·
November 16, 2020
မြေထဲပင်လယ်အရှေ့ပိုင်း ကမ်းလွန်ပင်လယ်ပြင်ထဲက သယံဇာတတွေနဲ့ပတ်သက်တဲ့ အခွင့်အရေးအပေါ် နိုင်ငံတကာ အငြင်းပွားတွေအတွင်း သံတမန်ရေး ကစားကွက်ကို တူရကီနဲ့ ဆိုက်ပရပ်စ် မြောက်ပိုင်းဒေသတို့က ဆက်ပြီး သည်းခံတော့မှာ မဟုတ်ဘူးလို့ တူရကီသမ္မတ တေယစ်အာဒိုဂံက နိုဝင်ဘာ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။
ဆိုက်ပရပ်စ်ကျွန်းမြောက်ပိုင်းကို အလည်အပတ်ရောက်နေတဲ့ အာဒိုဂံက ခုလို ပြောလိုက်တာပါ။
တူရကီအစိုးရ တရပ်တည်းကသာ ဆိုက်ပရပ်စ်မြောက်ပိုင်းကို နိုင်ငံတနိုင်ငံအနေနဲ့ အသိအမှတ်ပြုထားပါတယ်။
ပိုင်နက်အခွင့်အရေး ဝေစုကို တူရကီနဲ့ မြောက်ပိုင်းဆိုက်ပရပ်စ်က မျှမျှတတမရဘဲနဲ့ ဒေသတွင်းမှာ တည်ငြိမ်ရေးနဲ့ ငြိမ်းချမ်းရေးကို မရနိုင်ဘူးလို့လည်း အာဒိုဂံက ပြောပါတယ်။