မန်ယူနောက်ခံလူ လင်ဒီလော့ဖ်ဟာ ဆွီဒင်အသင်းအတွက် ကစားရင်း ဒဏ်ရာရရှိခဲ့တာကြောင့် နည်းပြသစ် အာမိုရင်အတွက် အခက်တွေ့ဖို့ရှိပါတယ်။
လာမဲ့တပတ်မှာ ကစားရမယ့် အစ်ဆွစ်နဲ့ ပရီးမီးယားလိဂ်ပွဲစဉ်က နည်းပြသစ် အာမိုရင်ရဲ့ မန်ယူနည်းပြဘဝ ပထမဆုံးပွဲစဉ် ဖြစ်လာမှာပါ။
ခံစစ် ၃ ယောက်တန်းနဲ့ ပွဲထွက်မယ့် နည်းပြအာမိုရင်ရဲ့ လူစာရင်းမှာ အာဂျင်တီးနားနောက်ခံလူ မာတီနက်ဇ်၊ ဟော်လန်နောက်ခံလူ ဒီလစ်တို့နဲ့အတူ လင်ဒီလော့ဖ်က ပွဲထွက်ကစားခွင့် ပြန်ရလိမ့်မယ်လို့ ကျွမ်းကျင်သူတွေက ခန့်မှန်းသုံးသပ်ကြတာပါ။
ပြင်သစ်နောက်ခံလူ ရိုယိုနဲ့ အင်္ဂလန်နောက်ခံလူ မက်ဂွဲယားတို့ရဲ့ ကြံ့ခိုင်မှု အခြေအနေဟာလည်း အကောင်းဆုံး မဟုတ်သေးတာကြောင့် လင်ဒီလော့ဖ်က ပွဲထွက်ခွင့်ပြန်ရဖို့ ရှိနေတာပါ။ ဒါပေမဲ့ ဒဏ်ရာရရှိသွားတဲ့အတွက် ဂျွန်နီအီဗန်နဲ့ အစားထိုး အသုံးပြုသွားရဖို့ ရှိပါတယ်။