
ပေါ်တူဂီအသင်းမှာ ကစားစဉ်က အသင်းဖော် စီရော်နယ်ဒို ပေးခဲ့တဲ့အမည်ပြောင်တခုကို မန်ယူ နည်းပြအာမိုရင်က ထုတ်ဖော်ပြောသွားပါတယ်။
မန်ယူအသင်းနဲ့ ပထမဆုံးအင်တာဗျူးအစီအစဉ်မှာ ယူနိုက်တက်ကစားသမားဟောင်း စီရော်နယ်ဒိုနဲ့ ဆက်ဆံရေးကိစ္စမေးမြန်းရာမှာ အာမိုရင်က ထည့်သွင်းပြောသွားခဲ့တာပါ။
စီရော်နယ်ဒိုဟာ သူ့ကို The Poet (ကဗျာဆရာ) လို့ အမည်ပြောင်ပေးထားပြီး စကားသိပ်မပြောတဲ့ သူ့ကို အဲဒီလိုအမည်ပေးတားက အနည်းငယ်တော့ ရယ်စရာကောင်းကြောင်း၊ စကားပြောရင်တော့ ရင်ထဲကအတိုင်း ပြောတတ်ကြောင်း အာမိုရင်က ပြောပါတယ်။
စီရော်နယ်ဒိုထက် ၉ ရက်ပဲ အသက်ကြီးတဲ့ အာမိုရင်ဟာ ၂၀၁၀ ပြည့်နှစ်ကနေ ၂၀၁၄ အတွင်း ပေါ်တူဂီအသင်းမှာ အတူ ကစားခဲ့ဖူးကြတာ ဖြစ်ပါတယ်။
Source: Reuters