
ကစားသမားဘဝကနေ အနားယူပြီးရင် နည်းပြလုပ်ဖို့ အစီအစဉ်မရှိကြောင်း ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုက ပြောသွားပါတယ်။
အသက် ၄၀ ပြည့်တော့မယ့် ရော်နယ်ဒိုဟာ အနားယူရတော့မယ့်အချိန် နီးစပ်လာခဲ့ပေမဲ့ စိတ်ရှိသလောက် ကစားသွားဦးမှာဖြစ်ကြောင်း၊ နောက်ထပ် ၁ နှစ် ၂ နှစ်အတွင်း အနားယူဖြစ်မလားဆိုတာ မသိရှိနိုင်ကြောင်း ရော်နယ်ဒိုက ပြောပါတယ်။
အနားယူပြီးနောက်မှာ ဘောလုံးအသင်းတသင်းကို စီမံခန့်ခွဲမယ်လို့ ကိုယ့်ကိုယ်ကိုယ် မမြင်မိဘဲ အဲဒီလို အစီအစဉ်မရှိကြောင်း၊ ဘောလုံးလောကပြင်ပက တခြားတနေရာမှာပဲ ရှိနိုင်ပြီး အချိန်က စကားပြောသွားမှာ ဖြစ်ကြောင်း စီရော်နယ်ဒိုက ပြောသွားပါတယ်။
ရော်နယ်ဒိုဟာ ပိုလန်နဲ့ နေးရှင်းလိဂ်ပွဲမှာ ဘိုင်စကယ်ကစ်နဲ့ သွင်းဂိုးအပါအဝင် စုစုပေါင်း ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီး ပေါ်တူဂီအတွက် ၁၃၅ ဂိုးအထိ သွင်းယူထားပါတယ်။