ပေါ်တူဂီတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ပိုလန်အသင်းနဲ့ ပွဲစဉ်မှာ နိုင်ငံအသင်းအတွက် ၁၃၃ ဂိုး မြောက် ဂိုးထပ်သွင်းခဲ့ပါတယ်။
နေးရှင်းလိဂ်အုပ်စုပွဲစဉ်အဖြစ် အောက်တိုဘာ ၁၂ ရက်က ဝါဆောမှာ ကစားခဲ့တဲ့ အဲဒီပွဲစဉ်မှာ စီရော်နယ်ဒိုက အသင်းခေါင်းဆောင်အဖြစ် ပွဲထွက်ကစားခဲ့ပြီး ပွဲချိန် ၃၇ မိနစ်မှာ ဒုတိယ ဦးဆောင်ဂိုးသွင်းယူခဲ့တာပါ။
စီရော်နယ်ဒိုဟာ ပိုလန်ကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ၆၃ မိနစ်ပဲက စားခဲ့ပြီး ဒီယေဂိုဂျိုတာနဲ့ လူစားလဲခဲ့ပါတယ်။
နေးရှင်လိဂ် ၃ ပွဲမှာ ၃ ဂိုးသွင်းယူနိုင်ခဲ့တဲ့ စီရော်နယ်ဒိုဟာ ကစားသမားဘ၀ သွင်းဂိုးစုစုပေါင်း ၉၀၆ ဂိုးရှိသွားပြီဖြစ်ပြီး အနားမယူခင် သွင်းဂိုး ၁၀၀၀ ပြည့်မြောက်ဖို့ ရည်မှန်းထားကြောင်း စီရော်နယ်ဒိုက ပြောထားပါတယ်။