အရပ်သားတွေကို ဗုံးကြဲတိုက်ခိုက်သတ်ဖြတ်နေတဲ့ စစ်ခေါင်းဆောင်ဟာ နေပြည်တော်မှာလုပ်တဲ့ မီးပုံးပျံပွဲမှာ ‘လူ့အသက်ထက်အရေးကြီးတာ ဘာမရှိ’ လို့ စာတန်းချိတ်ဆွဲထားတဲ့ မီးပုံးပျံကို လွှတ်တင်ခဲ့ပါတယ်။
စစ်ခေါင်းဆောင်ဟာ နေပြည်တော် မာရဝိဇယဗုဒ္ဓဥယျာဉ်က ရေပန်းရင်ပြင်မှာ တန်ဆောင်တိုင်ပွဲ ပြုလုပ်ခဲ့တာဖြစ်ပြီး အဲဒီပွဲမှာ ရုရှားနိုင်ငံ၊ ဘူရားတီးရားပြည်နယ်အကြီးအကဲလည်း တက်ရောက်ခဲ့လို့ BURYATIA စာတန်းပါ မီးပုံးပျံတလုံးကိုလည်း လွှတ်တင်ခဲ့ပါသေးတယ်။
အဲဒီလို မလွှတ်တင်ကြခင် ညနေ ၃ နာရီခွဲလောက်မှာ စစ်ကောင်စီဟာ ကချင်ပြည်နယ်၊ မိုးမောက်မြို့နယ်၊ မြစ်ကြီးနား-ဗန်းမော်ကားလမ်းပေါ်က ကုန်းလောရွာ KBC ဘုရားကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ်တွေအပါအဝင် ၈ ယောက် သေဆုံး၊ အများအပြား ထိခိုက်ဒဏ်ရာရပြီး ကုန်းလောရွာနဲ့ ၁၇ မိုင်အကွာမှာရှိတဲ့ မရယ်ကထောင် ရွာဘက်ကိုလည်း ဗုံးကြဲခဲ့ပါသေးတယ်။