
အပူပိုင်းမုန်တိုင်း ဆာရာဟာ ဟွန်ဒူးရပ်ရဲ့ ကာရေဘီယံကမ်းခြေကို နိုဝင်ဘာ ၁၅ ရက်က ဝင်ရောက်ခဲ့ပြီး မုန်တိုင်းကြောင့် စနေနဲ့ တနင်္ဂနွေနေ့တို့မှာ မိုးကြီးမှုနဲ့ ရေကြီးမှုတွေ ဖြစ်ပေါ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
ရိုက်တာရဲ့ ဖော်ပြချက်အရ တီလာ၊ မြောက်ဟွန်ဒူးရပ်နေရာတို့မှာ ဒေသခံတွေဟာ ပစ္စည်းတွေ အိမ်မွေးတိရိစ္ဆာန်တွေကို ခေါ်ဆောင်ပြီး ဘေးလွတ်ရာကို ပြောင်းရွှေ့နေတာတွေ့ရပါတယ်။
ပင်လယ်ကမ်းခြေနေရာတွေမှာ မုန်တိုင်းကြောင်း လှိုင်းကြီးမှုတွေလည်း ဖြစ်ပေါ်နေပါတယ်။ ဟွန်ဒူးရပ်အာဏာပိုင်တွေကတော့ မြောက်ပိုင်း နယ်ကို အနီရောင်အဆင့် သတိပေးချက်တွေထုတ်ပြန်ထားပါတယ်။
အမေရိကန်အမျိုးသားဟာရီကိန်းစင်တာကတော့ ဆာရာမုန်တိုင်းကြောင့် ရေကြီးမှုတွေနဲ့ ရွှံ့တွေ ဖုန်းလွှမ်းဖို့ ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
မိုးသည်းထန်နိုင်ပြီး ပင်လယ်ကမ်းခြေတချို့နေရာတွေမှာလည်း မိုးရေချိန် ၁၅၀ မီလီမီတာ ကျော်နိုင်တယ်လို့ ဆိုပါတယ်။
မုန်တိုင်းဟာ အရှိန်မြင့်လာနိုင်ပြီး အဆင့် ၁ ဟာရီကိန်းမုန်တိုင်းဖြစ်လာမယ်လို့လည်း ခန့်မှန်း ထားတာတွေ့ရပါတယ်။
ဟွန်ဒူးရပ်မှာ ကော်ဖီထုတ်လုပ်တဲ့ ဒေသတွေဖြစ်တဲ့ အယ်ဆယ်ဗာဒါ၊ အရှေ့ဂွါတီမာလာ၊ အနောက်နီကာရာဂူနဲ့ မက္ကဆီကိုတောင်ပိုင်းတို့ကိုလည်း ထိခိုက်မှုတွေရှိနိုင်တယ်လို့ ဆိုပါတယ်။
ဟွန်ဒူးရပ်ကို မုန်တိုင်းဝင်ရောက်ပြီးတော့ ဂွါတီမာလာနဲ့ နီကာရာဂူတို့ကိုလည်း မုန်တိုင်း လမ်းကြောင်းဆက်ဖွယ်ရှိတယ်လို့ ခန့်မှန်းထားပါတယ်။
Source-Reuters