ဒဏ်ရာရခဲ့တဲ့ မန်ယူနောက်ခံလူ မာတီနက်ဇ်ဟာ အာဂျင်တီးနား လူစာရင်းကနေ နုတ်ထွက်ခဲ့ရပါတယ်။
အသက် ၂၆ နှစ်ရှိ ဗဟိုနောက်ခံလူဟာ မန်ယူက လက်စတာကို ၃ ဂိုး ဂိုး မရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး အာဂျင်တီးနားအသင်းထံ ပူးပေါင်းခဲ့ပေမဲ့ ဆေးစစ်ဆေးခံယူပြီးနောက် အသင်းကနေ နုတ်ထွက်ခဲ့တာပါ။
မာတီနက်ဇ်ရဲ့ နောက်ကျောဒဏ်ရာက အံ့အားသင့်စရာဖြစ်ပြီး အသင်းဆီရောက်ရှိလာချိန်မှာ နာကျင်မှု ဝေဒနာပိုပြီးခံစားခဲ့ရတာကြောင့် ဆေးစစ်ခံခဲ့ကြောင်း၊ အဲဒီနောက် အရှင်းမပျောက်သေးတာကြောင့် မိခင်ကလပ်ဆီ ပြန်လည်စေလွှတ်ခဲ့တာဖြစ်ကြောင်း အာဂျင်တီးနားနည်းပြ လီယွန်နယ်စကယ်လိုနီက ပြောပါတယ်။
အာဂျင်တီးနာအသင်းဟာ နိုဝင်ဘာ ၁၅ ရက်က ကစားခဲ့တဲ့ ပါရာဂွေးနဲ့ပွဲမှာ ၂ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အဲဒီပွဲစဉ်ကို မာတီနက်ဇ် လွဲချော်ခဲ့ပါတယ်။
Photo-Reuters