နယူးကာဆယ်ကစားသမား ဂျိုလင်တန်ရဲ့ နေအိမ် ဒုတိယအကြိမ်ဖောက်ထွင်းခံလိုက်ရပါတယ်။ ဘရာဇီးလက်ရွေးစင်ကစားသမားဟာ အင်္ဂလန်အရှေ့မြောက်ပိုင်းရှိ နယူးကာဆယ်မြို့နဲ့ ၇ မိုင်လောက် အကွာက နော့အမ်ဘာလန်း အရပ်မှာနေထိုင်သူဖြစ်ပြီး ဈေးအကြီးဆုံးနေအိမ်တွေရှိတဲ့ နေရာအဖြစ် လူသိများပါတယ်။
ဂျိုလင်တန်ရဲ့ နေအိမ်ဟာ အခုနှစ်ဇန်နဝါရီလကလည်း ဖောက်ထွင်းခံရဖူးပါတယ်။
မိသားစုဝင်တွေအတွက် လုံခြုံစိတ်ချရတဲ့နေရာလိုချင်ပြီး နေအိမ်မှာ တန်ဖိုးကြီးပစ္စည်းတွေလည်း မထားရှိကြောင်း ဂျိုလင်တန်က သူ့ရဲ့ ဆိုရှယ်မီဒီယာမှာရေးသားခဲ့ပါတယ်။
ဂျိုလင်တန်ဟာ ဇနီးဖြစ်သူ အပါအဝင် ကလေး ၃ ယောက်နဲ့အတူနေထိုင်တာဖြစ်ပြီး ကလေးတွေအတွက် လုံခြုံစိတ်ချရတဲ့ ရပ်ဝန်းလိုအပ်ကြောင်းလည်း ပြောပါတယ်။
နယူးကာဆယ်တိုက်စစ်မှူး အီဆက်ခ်ရဲ့နေအိမ်ဟာလည်း အခုနှစ် ဧပြီလက သူခိုးကပ်တာ ခံခဲ့ရပါသေးတယ်။
Photo-Reuters