နိုင်ငံရေးကိစ္စတွေကို ထုတ်ဖော်ဖို့က ဘောလုံးသမားတွေရဲ့ အလုပ်မဟုတ်ကြောင်း ဂျာမန်အသင်း ခေါင်းဆောင် ဂျိုရူအာကင်မစ်ချ်က ပြောသွားပါတယ်။
ဂျာမနီအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ကမ္ဘာ့ဖလားတုန်းက အိမ်ရှင်ကာတာနိုင်ငံရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို ဆန့်ကျင်တဲ့အနေနဲ့ One Love ဆိုတဲ့ စာသားပါ အသင်းခေါင်းဆောင်လက်ပတ်တွေကို ဝတ်ဆင်ဖို့ ဂျာမနီအပါအဝင် ဥရောပအသင်း ၇ သင်းလောက်က စီစဉ်ခဲ့ပါတယ်။
ဒါပေမဲ့ ဖီဖာက လက်မခံတာကြောင့် ဂျာမနီကစားသမားတွေက ပွဲမစခင် အသင်းလိုက် ဓာတ်ပုံရိုက်ကူးရာမှာ ပါးစပ်ကို လက်နဲ့အုပ်ပြီး ဆန္ဒပြခဲ့ကြပါသေးတယ်။
အဲဒီတုန်းက ဖီဖာရဲ့တိတ်ဆိတ်မှုကို ဖော်ပြလိုတာဖြစ်ပြီး ဂျာမနီအသင်းအနေနဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲ ရဲ့ အရသာတွေကို ကောင်းကောင်းမခံစားခဲ့ရကြောင်း၊ နိုင်ငံရေးကိစ္စတွေကို ထုတ်ဖော်ဖို့က ဘောလုံးသမားတွေရဲ့ အလုပ်အမြဲတမ်းမဟုတ်ကြောင်း ကင်မစ်ချ်က ပြောသွားပါတယ်။
Photo-Reuters