အသက် ၁၃ နှစ်ပဲရှိသေးတဲ့ အမေရိကန်လူငယ်ကစားသမား ဒါဗီယန်ကင်ဘရော့ဂျ်ဟာ မိခင်ကလပ်အတွက် လူစားဝင်ကစားပြီး အသက်အငယ်ဆုံး ပရိုဘောလုံးကစားသမားအဖြစ် မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။
တနင်္ဂနွေနေ့က ကစားခဲ့တဲ့ အမေရိကန် USL ချန်ပီယံရှစ်ပြိုင်ပွဲမှာ အသက် ၁၃ နှစ်၊ ၇ လနဲ့ ၁၃ ရက် သာရှိသေးတဲ့ ဆက်ခရွန်မန်တိုကစားသမား ကင်ဘရော့ဂျ်ဟာ ပွဲချိန် ၈၇ မိနစ်မှာ လူစားဝင် ကစားပြီး အသက်အငယ်ဆုံးပရော်ဖက်ရှင်နယ်ကစားသမားအဖြစ် မှတ်တမ်းတင်ခဲ့တာပါ။
ဆယ်ကျော်သက်တိုက်စစ်မှူး ကင်ဘရော့ဂျ်ဟာ အသက် ၁၁ နှစ်အရွယ်က ယူ ၁၃ အသင်းမှာကတည်းက ၃၁ ပွဲမှာ ၂၇ ဂိုးသွင်းယူနိုင်ခဲ့ပြီး စီနီယာအသင်းကြီးမှာ တက်ရောက်ကစားခွင့်ရခဲ့တာပါ။
USL လိဂ်ဟာ မေဂျာလိဂ်ပြိုင်ပွဲကအောက်က လိဂ်တစ်ခုဖြစ်ပြီး ပရော်ဖက်ရှင်နယ်လိဂ်အဖြစ် သတ်မှတ်ထားတာဖြစ်ပါတယ်။
Sacramento Republic FC