မန်ယူနဲ့ အာဆင်နယ်အသင်းတို့ဟာ ဘိုင်ယန်မြူးနစ်ကနေ ရောင်းထုတ်ဖို့ရှိတဲ့တောင်ပံ ကစားသမား လီရွိုင်းဆာနေးကို ခေါ်ယူဖို့ အပြိုင်စိတ်ဝင်စားနေကြပါတယ်။
ဆာနေးဟာ မန်စီးတီးအသင်းမှာ ခြေစွမ်းပြခဲ့ပြီး ပရီးမီးယားလိဂ်နဲ့ အံဝင်ခဲ့ဖူးပြီးသား ကစားသမားဖြစ်တာကြောင့် ၂ သင်းစလုံးက ခေါ်ယူ လိုနေကြတာပါ။
ဘိုင်ယန်အသင်းဟာ ကစားသမားတွေရဲ့ လုပ်ခကို လျှော့ချလိုနေပြီး သင့်တော်တဲ့ ကမ်းလှမ်းမှု ရရှိမယ်ဆိုရင် ဆာနေးကို ရောင်းထုတ်သွားဖို့ အသင့်ရှိနေတယ်လို့ ဂျာမန်သတင်းစာ BILD ကဖော်ပြပါတယ်။
ဘိုင်ယန်အသင်းမှာ ကစားသမားသစ် အိုလစ်ဆီအပြင် နာဘရီ ၊ ကိုမန်တို့လို တောင်ပံ ကစားသမားတွေလည်း ရှိတာကြောင့် ဆာနေးကို ရောင်းချဖို့ ဘိုင်ယန်အသင်းက အသင့်ရှိနေတယ်လို့ သိရပါတယ်။
Photo-Reuters