Home
မြန်မာသတင်း
မအူပင်မြို့နယ်၌ ဖမ်းဆီးခံ လူငယ် ၁ ဦးကို စစ်ကြောရေးတွင် ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်
DVB
·
November 12, 2024
Photo-VV

ဧရာဝတီတိုင်း၊ မအူပင်မြို့မှာ တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ဆက်နွှယ်လို့ဆိုပြီး စွပ်စွဲ ဖမ်းဆီးခံရသူတွေထဲက ကိုလင်းထက်အောင်ကို စစ်ဖက်ဆိုင်ရာလုံခြုံးရေးအဖွဲ့ (စရဖ) ဗိုလ်ကြီးအဆင့်ရှိသူ ကောင်းမြတ်နဲ့ သူရဝင်းတို့က ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တာလို့ စစ်ကောင်စီတပ်နဲ့ နီးစပ်သူတွေဆီက သိရပါတယ်။ 

တော်လှန်ရေးတပ်ဖွဲ့ PDF တွေနဲ့ ပတ်သက်နေတယ်ဆိုပြီး မအူပင်မြို့နယ် အောင်ဟိတ်ကျေးရွာအုပ်စု၊ အင်းမကျေးရွာက အသက် ၂၄ နှစ်အရွယ် ကိုလင်းထက်အောင်ကို ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်မှာ စစ်ကောင်စီတပ်နဲ့ ရဲတွေက ဖမ်းဆီးခဲ့ပြီး ကြမ်းကြမ်းတမ်း တမ်း ရိုက်နှက်စစ်ဆေးမှုကြောင့် စက်တင်ဘာ ၁၉ ရက် ညက သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။ 

စစ်ကောင်စီတပ်နဲ့ နီးစပ်သူတယောက်က “သေဆုံးသူလင်းထက်အောင်က စစ်ကြောရေးလုပ်နေ ရင်းလက်လွန်သွားတာပေါ့။ အဖမ်းခံရသူတွေအများစုကို ကောင်းမြတ်နဲ့ သူရဝင်းတို့က စစ်ဆေးကြတာ။ အလောင်း ဖျောက်ပစ်ဖို့ လုပ်သေးတယ်။ စရဖက သူရဝင်းက မလိုဘူးရတယ်ဆိုပြီး မအူပင်မြို့မှာရှိတဲ့ ပြည်သူ့ဆေးရုံကြီးကို ပို့ခိုင်းလိုက်တာ။ ရဲတွေဝင်စစ်တာမဟုတ်ဘူး၊ စရဖကပဲ စစ်ဆေးတာ” လို့ ပြောပါတယ်။ 

သေဆုံးခဲ့သူ ကိုလင်းထက်အောင်ဟာ စစ်ကြောရေးမှာ မျက်လုံးတဖက် အဖောက်ခံရတဲ့ဒဏ်ရာ၊ နံရိုးကျိုးကြေဒဏ်ရာ၊ ဝမ်းဗိုက်ပေါက်ထွက်ဒဏ်ရာ၊ ခန္ဓာကိုယ်အနှံ့ဆေးလိပ် မီးနဲ့ထိုးခံရတဲ့ ဒဏ်ရာတွေနဲ့ သေဆုံးခဲ့ရတာလို့ သိရပါတယ်။

ကိုလင်းထက်အောင်အား ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်ခဲ့တဲ့ သူရဝင်းဟာ ပန်းတနော်မြို့မှာ ယာယီတာဝန်ကျနေရာကနေ လာစစ်ခဲ့တာဖြစ်ပြီး (စရဖ) ဗိုလ်ကြီး အဆင့်ရှိတဲ့ ကောင်းမြတ်ကတော့ မအူပင်မြို့မှာ တပ်စုမှူး အနေနဲ့ တာဝန်ကျနေတာလို့  စစ်ကောင်စတပ်နဲ့ နီးစပ်သူဆီက သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013