Home
နိုင်ငံတကာ
ဂါဇာစစ်ပွဲကြောင့် အမျိုးသမီးနှင့် ကလေး ၇၀ ရာခိုင်နှုန်း  သေဆုံးခဲ့ဟု ကုလ ပြော
DVB
·
November 9, 2024
Photo-Reuters

ဂါဇာစစ်ပွဲကြောင့် အမျိုးသမီးနဲ့ ကလေး ၇၀ ရာခိုင်နှုန်းနီးပါး သေဆုံးခဲ့တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က သောကြာနေ့မှာ ကြေညာခဲ့ပြီး ပြစ်တင်ရှုံချခဲ့ပါတယ်။

ဂါဇာစစ်ပွဲစကတည်းက အမျိုးသမီးနဲ့ ကလေးသေဆုံးမှုတွေကို ကုလက လေ့လာခဲ့တာဖြစ်ပြီး ဟားမတ်စ်တွေကို အစ္စရေးစစ်တပ်ရဲ့တိုက်ခိုက်မှုကြောင့် ဖြစ်ပွားခဲ့တယ်လို့ ဖော်ပြထားပါတယ်။

၁၃ လကြာစစ်ပွဲမှာ လူပေါင်း ၄၃၀၀၀ ကျော် သေဆုံးခဲ့တယ်လို့ ပါလတ်စတိုင်း ကျန်းမာရေး အဖွဲ့က ထုတ်ပြန်ထားတာနဲ့ ကုလရဲ့ ၈၁၁၉ ဦး သားကောင်ဖြစ်ခဲ့ရတယ်ဆိုတဲ့အချက်က ကွာဟချက်တော့ ရှိ‌နေပါတယ်။

ဒါပေမဲ့ ကုသသမဂ္ဂက စစ်ပွဲရဲ့ သားကောင်ဖြစ်ခဲ့ရတဲ့ အသက်အရွယ်၊ လိင်အမျိုးအစားတို့ကို ခွဲပြီး အမျိုးသမီးနဲ့ ကလေးတွေကို အဓိက ဖော်ပြခဲ့တာဖြစ်ပါတယ်။ 

ကုလသမဂ္ဂရဲ့ ၃၂ မျက်နှာပါ အစီရင်ခံစာမှာ နိုင်ငံတကာလူသားချင်းစာနာမှုဥပဒေရဲ့ အခြေခံကျတဲ့ အချက်တွေကို စနစ်တကျ ဖောက်ဖျက်ချင်းဆိုပြီး ဖော်ပြထားပါတယ်။ 

အစ္စရေးကတော့ ဟားမတ်စ်တွေက ပြည်သူတွေကို ဒိုင်းလိုလုပ်ပြီး ကာကွယ်နေလို့ အခုလို သေဆုံးမှုတွေဖြစ်ပွားတာဖြစ်ကြောင်းနဲ့ ပြည်သူတွေ သေဆုံးမှုအတွက် စစ်သွေးကြွတွေမှာ တာဝန်ရှိကြောင်း ပြောထားပါတယ်။ 

ဒီစွပ်စွဲချက်တွေကို ဟားမတ်စ်တွေက ငြင်းဆိုထားပြီး သူတို့ဟာ ပြည်သူတွေကို အသုံးမပြု ကြောင်း၊ ပြည်သူအဆောက်အအုံတွေ၊ ဆေးရုံတွေ၊ လူသားတွေကို ဒိုင်းအဖြစ် အကာအကွယ် မလုပ်ကြောင်း ငြင်းထားပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013