ဖိလစ်ပိုင်နိုင်ငံမြောက်ပိုင်းကို တိုင်ဖွန်းမုန်တိုင်း ယင်န်ရှင်း ပြင်းပြင်းထန်ထန် ဝင်ရောက်တိုက်ခတ်ခဲ့ပြီး မိုးသက်လေပြင်းတွေကြောင့် လူနေအိမ်တွေ ပျက်စီးကာ ဓာတ်အားလိုင်းတွေ ပြိုလဲခဲ့ကြောင်း ဒေသအာဏာပိုင်တွေက နိုဝင်ဘာ ၈ ရက်မှာ ပြောပါတယ်။
ယင်န်ရှင်းမုန်တိုင်းဟာ မနေ့က မင်ဒနောင်ကျွန်းရှိ ကာဂယန်ပြည်နယ်ရဲ့ မြောက်ပိုင်းစွန်းမှာ ကုန်းတွင်းပိုင်းကို ဝင်ရောက်ခဲ့ပြီးတော့ လေတိုက်နှုန်း တနာရီကို ၁၀၉ မိုင်နှုန်း၊ လေပြင်းနှုန်းက တနာရီကို ၁၄၉ မိုင်နှုန်းအထိ အားပြင်းခဲ့ပါတယ်။
အနည်းဆုံး လူ ၁၇,၀၀၀ ကို ယာယီခိုလှုံရေးစခန်းတွေဆီ ရွှေ့ပြောင်းပေးခဲ့ရပြီး အစိုးရအေဂျင်စီတွေကလည်း ရိက္ခာအထောက်အပံ့တွေကို ပြင်ဆင်သိုလှောင်ထားပြီးတော့ မုန်တိုင်းဘေးသင့် ဒေသခံတွေအတွက် အရေးပေါ်တုံ့ပြန်ကူညီဖို့ အဆင်သင့်ရှိနေပါတယ်။
ကာဂယန်ပြည်နယ်မှာ နိုဝင်ဘာ ၇ ရက်က လေပြင်းတွေ တိုက်ခတ်နေတာကို မျက်မြင်သက်သေ တယောက် ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်မှာ မြင်တွေ့ရပါတယ်။
နှစ်စဉ် ဖိလစ်ပိုင်နိုင်ငံကို ပျမ်းမျှအားဖြင့် မုန်တိုင်း အကြိမ် ၂၀ လောက် ဝင်ရောက်တိုက်ခတ်လေ့ရှိပြီး မိုးသည်းထန်စွာ ရွာသွန်း၊ လေပြင်းတိုက်ခတ်တာနဲ့ မြေပြိုတာတွေ ဖြစ်လေ့ရှိပါတယ်။
Source: Reuters