ဂျာမန်-အီရန် နိုင်ငံသား ၂ မျိုး ခံယူထားသူတယောက်ကို အီရန်အစိုးရက သေဒဏ်ပေးလိုက်တာကို တုံ့ပြန်တဲ့အနေနဲ့ ဂျာမနီအစိုးရက သူ့နိုင်ငံပိုင်နက်ထဲမှာရှိတဲ့ အီရန်ကောင်စစ်ဝန်ရုံး ၃ ခုလုံးကို ပိတ်ပစ်မှာဖြစ်ပေမဲ့ အီရန်သံရုံးကို ဆက်ဖွင့်ခွင့်ပြုမယ်လို့ ဂျာမန် နိုင်ငံခြားရေးဝန်ကြီးဌာနက အောက်တိုဘာ ၃၁ ရက်မှာ ပြောပါတယ်။
ဂျာမနီနိုင်ငံခြားရေးဝန်ကြီး အန်နာလေနာ ဘယ်ဟာဘောက်ခ်က “ကျမတို့ရဲ့ သံတမန်ဆက်ဆံရေးဟာ အနိမ့်ဆုံးအဆင့်ထက် ပိုနေပါပြီ” လို့ နယူးယောက်မြို့မှာ ပြောပါတယ်။
ဂျမ်ရှီဒ် ရှာမာ့ဟဒ်ကို သေဒဏ်ပေးတာနဲ့ ပတ်သက်ပြီး ဂျာမနီအစိုးရက အီရန်နိုင်ငံဆိုင်ရာ ဂျာမန်သံအမတ်ကို ပြန်လည်ခေါ်ယူခဲ့ပါတယ်။
ဂျာမန်အစိုးရရဲ့ ကန့်ကွက်မှုကို အသံထွက်ပြောဖို့ အီရန်သံအမတ်ကိုလည်း ဆင့်ခေါ်ခဲ့ပါတယ်။
ရှာမာ့ဟဒ်ဟာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ကျူးလွန်လို့ အပြစ်ရှိကြောင်း ဆုံးဖြတ်ခံရပြီးနောက် သူ့ကို သေဒဏ်ချမှတ်လိုက်တယ်လို့ အီရန်နိုင်ငံပိုင်မီဒီယာက တနင်္လာနေ့မှာ ပြောပါတယ်။
ဓားစာခံတွေနဲ့ နိုင်ငံရေးကစားခြင်းအတွက် အီရန်ကို ဘယ်ဟာဘောက်ခ်က ရှုတ်ချခဲ့တာပါ။
ပိုကျယ်ပြန့်လာနေတဲ့ အရှေ့အလယ်ပိုင်းပဋိပက္ခမှာ အစ္စရေးအတွက် ဂျာမနီရဲ့ ထောက်ခံမှုကြောင့်လို့ အကြောင်းပြရင်း ရှာမာ့ဟဒ်ကို သတ်ဖြတ်မှုအတွက် အကြောင်းပြ အသုံးချဖို့ အီရန်အစိုးရက ကြိုးပမ်းနေတယ်လို့လည်း ဘယ်ဟာဘောက်ခ်က စွပ်စွဲခဲ့ပါတယ်။
Source-Reuters