အမေရိကန်သမ္မတဟောင်း ဘားရတ် အိုဘားမားက “ကွဲပြားခြင်းနဲ့ အမုန်းပွားခြင်းကို ကိုယ်စားပြုတဲ့ နိုင်ငံရေး” ကို ငြင်းပယ်ကြဖို့ မဲဆန္ဒရှင်တွေကို တိုက်တွန်းခဲ့ပါတယ်။
ပင်ဆယ်လ်ဗေးနီးယားပြည်နယ်မှာ ဒီမိုကရက်တစ်ပါတီရဲ့ သမ္မတလောင်း ကိုယ်စားလှယ် ကမ်မလာ ဟားရစ်အတွက် မဲဆွယ်ပေးတဲ့ လူထုစည်းဝေးပွဲမှာ အောက်တိုဘာ ၂၈ ရက်က ခုလို ပြောလိုက်တာပါ။
တနင်္ဂနွေနေ့က နယူးယောက်မြို့မှာ ကျင်းပတဲ့ ဒေါ်နယ်ထရမ့်ပ်ရဲ့ လူထုစည်းဝေးပွဲမှာ လူရွှင်တော်တယောက်က ပွာတိုရီကိုနိုင်ငံကို “ရေပေါ်အမှိုက်ကျွန်း” လို့ မှတ်ချက်ပေးခဲ့တာကို ရှုတ်ချချိန်မှာ အိုဘားမားက ခုလိုပြောခဲ့တာ ဖြစ်ပါတယ်။
ပွာတိုရီကန် ကျွန်းသားမျိုးရိုး အမေရိကန်နိုင်ငံသားတွေဟာ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် အပါအဝင် နိုဝင်ဘာ ၅ ရက် ရွေးကောက်ပွဲမှာ အနိုင်ရသူကို ဆုံးဖြတ်ရေး အပြိုင်နွှဲနေတဲ့ ပြည်နယ်တချို့မှာ အရေးကြီးတဲ့လူထုလည်း ဖြစ်ပါတယ်။
ကိုယ်စားလှယ်လောင်း ၂ ယောက်စလုံးက လက်တင်အမေရိကနွယ်ဖွား အမေရိကန် နိုင်ငံသားတွေဆီက မဲအတွက် တိုက်ခိုက်နေကြပြီး မကြာသေးမီ နှစ်တွေအတွင်း ရီပတ်ဘလီကန်တွေက ပိုရေပန်းစားလာပေမဲ့ ဒီမိုကရက်တွေကို အားကိုးနေဆဲပါ။
ပွာတိုရီကိုအပေါ် မှတ်ချက်တွေဟာ သမ္မတဟောင်း ထရမ့်ပ် ကိုယ်တိုင်ရော၊ မဲဆွယ်စည်းရုံးရေး အမြင်တွေကိုပါ ထင်ဟပ်ခြင်းမရှိဘူးလို့ ထရမ့်ပ်ရဲ့ မဲဆွယ်စည်းရုံးရေးမှူး ကိုယ်တိုင်က ပြောခဲ့ပါတယ်။
ထရမ့်ပ် ကိုယ်တိုင်ကတော့ လူရွှင်တော်ရဲ့ စွမ်းဆောင်ရည်အပေါ် မှတ်ချက်မပေးခဲ့ပါဘူး။
Source-Reuters