Home
နိုင်ငံတကာ
အောက်တိုဘာလ မဲဆွယ်ပွဲများတွင် ဟဲရစ်နှင့်အတူ အိုဘားမား ဇနီးမောင်နှံ ပါဝင်
DVB
·
October 19, 2024
Photo-Reuters

အမေရိကန်သမ္မတ‌ဟောင်း ဘားရက်အိုဘားမားဟာ သမ္မတလောင်းဟဲရစ်အတွက် အရီဇိုးနား မဲဆွဲ ပွဲမှာ ပါဝင်မဲဆွယ်ဟောပြောခဲ့ပါတယ်။ 

အိုဘားမားနဲ့ ဇနီးဖြစ်သူဟာ ဒီမိုကရက်တစ်တွေကြားမှာ လူကြိုက်များတဲ့သူတွေဖြစ်ပြီး မဲဆွယ်ပွဲ မှာ ပါဝင်ခြင်းက ဟဲရစ်အတွက် အထောက်အပံ့ဖြစ်စေပါတယ်။

အရီဇိုးနားပြည်နယ်တူဆန်မှာ မဲဆွယ်ပွဲတွေပြီးရင် လတ်စ်ဗီးဂတ်စ်၊ ဒတ်ထရိုက်၊ မာဒီဆန်တို့ မှာလည်း လာမယ့်ရက်တွေမှာ ဟောပြောမှုတွေ ပြုလုပ်မှာပါ။ 

သောကြာနေ့က လူထုဟောပြောပွဲမှာ အိုဘားမားက ရီပတ်ဘလစ်ကန်သမ္မတလောင်း ထရမ့်ရဲ့ လုပ်ရည်ကိုင်ရည်နဲ့ပတ်သက်ပြီး မေးခွန်းထုတ်ခဲ့ပါတယ်။ 

“ထရမ့်ဟာ ၂ နာရီခွဲကြာ ဟောပြောခဲ့ပေမဲ့ ဘာအိုက်ဒီယာမှ ထူးထူးခြားခြားမရပါဘူး။ သူက ဟိုဟိုဒီဒီတွေပဲပြောနေခဲ့တာတွေ များပါတယ်” လို့ ပြောဆိုခဲ့ပါတယ်။ 

အိုဘားမားနဲ့ ဟားရစ်တို့ဟာ ဂျော်ဂျီယာပြည်နယ်မှာ အတူမဲဆွယ်ဟောပြောမှာဖြစ်ပြီး အောက်တိုဘာ ၂၆ ရက် မစ်ချီဂန်မှာ ပြုလုပ်မယ့် ဟောပြောပွဲမှာလည်း မီချယ်အိုဘားမားက ဟဲရစ် နဲ့အတူ ဟောပြောမှု ပြုလုပ်မှာ ဖြစ်ပါတယ်။ 

ဒေါ်နယ်ထရမ့်ကလည်း မစ်ချီဂန်ကို သောကြာနေ့က ရောက်ရှိခဲ့ပြီး ဒထရိုက်ကို ကြီးကျယ်မှုတွေ ပြန်ယူပေးမယ်လို့ ကတိပြုခဲ့တာတွေ့ရပါတယ်။ 

ထရမ့်ဟာ မစ်ချီဂန်မှာ ၂၀၁၆ ခုနှစ်တုန်းက မဲ ၁၁၀၀၀ ရရှိခဲ့ပြီး အနိုင်ရခဲ့ဖူးကာ ၂၀၂၀ ခုနှစ် မှာ တော့ ဘိုင်ဒန်ကို ရှုံးနိမ့်ခဲ့ဖူးပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024