Home
နိုင်ငံတကာ
အိန္ဒိယ၏ ပထမဆုံးပုဂ္ဂလိကပိုင် စစ်လေယာဉ်စက်ရုံ ဖွင့်လှစ်
DVB
·
October 29, 2024
Photo - Reuters

အိန္ဒိယဝန်ကြီးချုပ် နာရန်ဒြာမိုဒီနဲ့ စပိန်ဝန်ကြီးချုပ် ပက်ဒရိုဆန်းချက်ဇ်တို့ဟာ အိန္ဒိယရဲ့ ပထမဆုံး ပုဂ္ဂလပိုင် စစ်လေယာဉ်စက်ရုံဖွင့်ပွဲကို တက်ရောက်ခဲ့ကြပါတယ်။ တာတာလေယာဉ်စက်ရုံဝင်းကို ခေါင်းဆောင် နှစ်ယောက်က  ပူးတွဲဖွင့်လှစ်ပေးခဲ့ကြပါတယ်။ 

တာတာကုမ္ပဏီဟာ အဲဘတ်စ်စပိန်နဲ့ ပူးပေါင်းပြီး အဲဘတ်စ် C-295 စစ်ဘက်သုံး ပို့ဆောင်ရေးလေယာဉ်တွေ ထုတ်လုပ်ပြီး အိန္ဒိယလေတပ်မှာ သုံးစွဲမှာဖြစ်ပါတယ်။ 

၂၀၂၁ ကတည်းက လက်မှတ်ထိုးထားတဲ့ ဒေါ်လာ ၂ ဒသမ ၅ ဘီလီယံတန်ဖိုးရှိ သဘောတူညီချက်အရ ပထမ ၁၆ စီးကိုတော့ စပိန်နိုင်ငံ၊ ဆီးဗီးလ်မြို့စက်ရုံမှာ ဆင်ပြီး ပေးပို့မှာဖြစ်ပြီး လက်ရှိမှာ ၆ စီး ပို့ပြီးဖြစ်ပါတယ်။ 

တာတာစက်ရုံမှာတော့ ၂၀၁၆ မှာမှ ပထမဆုံးပြည်တွင်းဖြစ် C-295 လေယာဉ်စတင် ထွက်ရှိမှာ ဖြစ်ပါတယ်။ ဒီလေယာဉ်အမျိုးအစားဟာ စစ်သည် ၇၁ ဦးအထိ သယ်ပို့ပေးနိုင်သလို လေထီးစစ်သည် ၅၀ အထိ ဝေးလံခေါင်သီတဲ့ ဒေသတွေမှာ ချပေးနိုင်ပါတယ်။ 

ဆေးကုသဖို့နဲ့ သဘာဝဘေးကယ်ဆယ်ရေးတွေမှာ သုံးနိုင်သလို ရေကြောင်း ကင်းလှည့်ရာမှာလည်း သုံးနိုင်မှာဖြစ်ပါတယ်။ စပိန်ဝန်ကြီးချုပ် ဆန်းချက်ဇ်ရဲ့ အိန္ဒိယခရီးစဉ်ဟာ ၁၈ နှစ်အတွင်း စပိန်ခေါင်းဆောင်တစ်ယောက်ရဲ့ ပထမဆုံးအိန္ဒိယခရီးအဖြစ်ပါ မှတ်တမ်းဝင်တာ ဖြစ်ပါတယ်။ 

ဆန်းချက်ဇ်ဟာ အိန္ဒိယဘဏ္ဍာရေးမြို့တော်လည်းဖြစ်၊ ဘောလိဝုဒ်ရုပ်ရှင်လောက အခြေစိုက်ရာလည်း ဖြစ်တဲ့ မွမ်ဘိုင်းကိုပါ သွားရောက်မှာဖြစ်ပါတယ်။ အဲဒီမှာ ကုန်သွယ်ရေးနဲ့ စက်မှုလုပ်ငန်းနယ်ပယ်က ခေါင်းဆောင်တွေနဲ့ တွေ့ဖို့ရှိသလို အိန္ဒိယနဲ့ စပိန် အနုပညာ လုပ်ငန်းချင်း ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ဖို့ပါ ဆွေးနွေးမှာဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013