အငြင်းပွားဖွယ် ပါလီမန်ရွေးကောက်ပွဲမှာ အာဏာရ Georgian Dream ပါတီက မဲ ၅၄ ရာခိုင်နှုန်းကျော်နဲ့ အနိုင်ရတယ်လို့ မဲအားလုံးနီးပါး ရေတွက်ပြီးချိန်မှာ ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ပါတယ်။
အာဏာရပါတီဟာ ရုရှားနဲ့ ဆက်ဆံရေး မြှင့်တင်လိုတဲ့ ဆန္ဒရှိပြီး အတိုက်အခံပါတီတွေက ဥရောပသမဂ္ဂနဲ့ ပေါင်းစည်းရေး လိုလားကြတာ ဖြစ်ပါတယ်။
မဲပေးနိုင်သူအရေအတွက်ထက် မဲပိုများနေတာ၊ မဲဆန္ဒရှင်တွေကို ခြိမ်းခြောက်တာ၊ လာဘ်ထိုးတာတွေ ရှိခဲ့တယ်လို့ ဂျော်ဂျီယာ ရွေးကောက်ပွဲစောင့်ကြည့်ရေးအဖွဲ့ ISFED က ထုတ်ပြန်ပါတယ်။
ဒါဟာ ရွေးကောက်ပွဲရလဒ်အပေါ် သက်ရောက်မှုရှိပေမဲ့ အီလက်ထရောနစ် မဲပေးစနစ်နဲ့ မဲပေးမှုကို ရေတွက်ရာမှာတော့ သိသာတဲ့ ချိုးဖောက်မှုမျိုး မရှိခဲ့ဘူးလို့ ဆိုပါတယ်။
ဂျော်ဂျီယာ အဓိက အတိုက်အခံပါတီကြီး ၄ ခုစလုံးကတော့ မဲရလဒ်ကို လက်ခံမှာမဟုတ်ဘဲ အခြေခံဥပဒေနဲ့အညီ အာဏာသိမ်းမှု ဖြစ်တယ်လို့ ဝေဖန်ခဲ့ကြပါတယ်။
Georgian Dream ပါတီထူထောင်သူ သူဌေးကြီး ဘစ်ဇီနာ အီဗန်နစ်ရှ်ဗီလီ ကတော့ ယူကရိန်းစစ်ပွဲမှာ ဂျော်ဂျီယာ ဝင်မပါဖို့ လှုံ့ဆော်သူဖြစ်သလို ရုရှားနဲ့ ဆက်ဆံရေး ကောင်းသူလည်း ဖြစ်ပါတယ်။ အီဗန်နစ်ရှ်ဗီလီက သူ့ပါတီဟာ ဥရောပသမဂ္ဂကို ဝင်ရောက်ဖို့ ဆန္ဒရှိတယ်လို့ ပြောထားပါတယ်။
ဒါပေမဲ့ Georgian Dream ပါတီအစိုးရလက်ထက် အာဏာရှင်ဆန်တဲ့ လုပ်ဆောင်ချက်တွေကြောင့် သမဂ္ဂထဲဝင်ဖို့ရာ ပိုခက်ခဲလာခဲ့ပါတယ်။
Source-Reuters