Home
သတင်းဓာတ်ပုံ
၁၀၂၇ စစ်ဆင်ရေးအတွင်း ကျဆုံးတပ်ဖွဲ့ဝင်များအတွက် TNLA က ဂုဏ်ပြု အလှူလုပ် (ဓာတ်ပုံ) 
DVB
·
October 28, 2024
TNLA-Donation 1_28102024

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့ဖြစ်တဲ့ PSLF/TNLA၊ MNTJP/MNDAA နဲ့ ULA/AA တို့ဦးဆောင်စတင်ခဲ့ပြီး နွေဦးတော်လှန်ရေးတပ်ဖွဲ့တွေ တော်လှန်ရေးအင်အားစုတွေလည်း ပါဝင်တယ်လို့ TNLA က ထုတ်ပြန်ပါတယ်။

၁၀၂၇ စစ်ဆင်ရေး အပိုင်း ၁ မှာ စစ်ကောင်စီတပ် ထိန်းချုပ်ထားတဲ့ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ မန်တုံ၊ နမ့်ဆန်၊ မိုင်းလုံနဲ့ မိုင်းငေါ့မြို့တို့ကို ထိုးစစ်ဆင် တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ဆင်ရေး အပိုင်း ၂ မှာတော့ ကျောက်မဲ၊ သီပေါ၊ နောင်ချို၊ မိုးကုတ်နဲ့ မိုးမိတ်မြို့နယ်တို့ကို တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လက်ရှိမှာတော့ နောင်ချိုမြို့နယ်က တောင်ခမ်းစခန်းကိုပဲ တိုက်ခိုက်သိမ်းပိုက်ဖို့ ကျန်ရှိနေပြီး စစ်ကောင်စီတပ်ကလည်း လေကြောင်းကနေ နေ့တိုင်းလိုလို ဗုံးကြဲတိုက်ခိုက်နေပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024