Home
နိုင်ငံတကာ
ဘရာဇီးဆည်ကျိုးမှု ဩစတြေးလျသတ္တုတူးဖော်ရေးအဖွဲ့ လျော်ကြေးပေးရမည်
DVB
·
October 26, 2024
Photo-Reuters

၂၀၁၅ ခုနှစ်က ဆည်ပြိုကျိုးမှုအတွက် BHP ကို ဒေါ်လာ ဘီလီယံ ၃၀ လျော်ကြေးပေးဖို့ ဘရာဇီးနိုင်ငံက ဆုံးဖြတ်ခဲ့ပါတယ်။ 

၂၀၁၅ ဆည်ပြိုကျမှုဟာ အဆိုးရွားဆုံးဘေးအန္တရာယ် တခုဖြစ်ခဲ့ပြီး လူ ၁၉ ဦးသေဆုံးခဲ့ကာ လူရာပေါင်းများစွာ အိုးအိမ်မဲ့ခဲ့သလို တောတွေထဲမှာလည်း ရေကြီးမှုဖြစ်ပွားခဲ့ပါတယ်။

ဒိုစီမြစ်ရေလည်း ညစ်ညမ်းခဲ့ပြီး သတ္တဓာတ်တွေကြောင့် အဆိပ်သင့်ပြီး ရေသတ္တဝါပေါင်းများစွာ သေကြေပျက်ဆီးခဲ့ရသလို တံငါလုပ်ငန်းလုပ်ကိုင်သူတွေလည်း အခက်တွေခဲ့ရပါတယ်။ 

ဒါ့ကြောင့် BHP ကို လူပေါင်း ၆၂၀၀၀၀ ကျော်က ဗြိတိန်မှာရှိတဲ့ ရုံးချုပ်ကို တရားစွဲဆိုမှုတွေ ခဲ့ပါတယ်။ 

ဘရာဇီးအရှေ့တောင်ပိုင်း မာရီရာနာမြို့အနီးမှာ BHP နဲ့ ပူးပေါင်းလုပ်ဆောင်နေတဲ့ ဆာမာကို အပိုင် သံရိုင်းတူးဖော်မှုဆည်ကျိုးပေါက်ခဲ့တာဖြစ်ပါတယ်။ 

BHP အဖွဲ့အနေနဲ့ လျော်ကြေးပေးဖို့ သဘောတူစာချုပ်ချုပ်ဆိုပွဲကို ဘရာဇီးသမ္မတ လူလာဒါဆေးဗားတက်ရောက်ခဲ့တာတွေ့ ရပါတယ်။ 

သဘောတူညီချက်အရ ပထမအရစ်ဘရာဇီးငွေ ဘီလီယံ ၅ သန်းကို ရက် ၃၀ အတွင်း ပေးချေရမယ်လို့ အစိုးရအဖွဲ့က ပြောပါတယ်။

ဘရာဇီးငွေ ရီးယယ် ၁၃၂ ဘီလီယံကို နှစ် ၂၀ အတွင်း ပေးချေရမှာ ဖြစ်ပြီး ရီးယယ် ၃၂ ဘီလီယံကို ထိခိုက်နစ်နာခဲ့တဲ့ ပြည်သူတွေနဲ့ လျော်ကြေးငွေ ရီးယယ် ၃၈ ဘီလီယံကိုလည်း သတ္တုတူးဖော်ရေး အဖွဲ့က ထပ်မံပေးချေရမှာဖြစ်ပါတယ်။ 

အစိုးရတရားရုံးရှေ့နေ ဂျော့မက်ဆီယာက သဘောတူညီချက်ထဲမှာ ဆည်ပတ်ဝန်းကျင်ဒေသရှိ ပျက်ဆီး ဆုံးရှုံးမှုတွေကို ပြင်ဆင်ရာတွင် အသုံးပြုဖို့ ဒေသအာဏာပိုင်တွေကိုလည်း ‌ငွေကြေး ပေးအပ်ဖို့ သဘောတူ ထားတယ်လို့ ပြောဆိုထာပါတယ်။ 

၂၀၂၆ ခုနှစ်မှာ ရီးယယ် ၇ ဘီလီယံနဲ့ နောက်ဆုံးအရစ် ရီးယယ် ၄.၄၁ ဘီလီယံပေးချေမှုတို့ ပြုလုပ်ရမှာဖြစ်ကာ ၂၀၄၃ အထိ နှစ်စဉ် လျော်ကြေးငွေ ပေးချေဖို့ အစီအစဉ်ပြုလုပ်ထားတာ ဖြစ်ပါတယ်။ 

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024