Home
နိုင်ငံတကာ
ဂွါတီမာလာ သတင်းထောက် နေအိမ်အကျယ်ချုပ်ကျခံရန် ထောင်က လွတ်မြောက်
DVB
·
October 20, 2024
Photo - REUTERS/Josue Decavele

၂ နှစ် အကျဉ်းချခံခဲ့ရပြီးတဲ့နောက် သတင်းထောက် ဟိုဆေးရူဘန် ဇာမိုရာကို နေအိမ်အကျယ်ချုပ် ကျခံဖို့ တရားသူကြီးက စီရင်ချက်ချပြီးတဲ့နောက် အောက်တိုဘာ ၁၉ ရက်မှာ ထောင်ကနေ လွတ်လာခဲ့ပါတယ်။

အခု မရှိတော့တဲ့ အယ်လ် ပီရီယိုဒစ်ကို သတင်းစာကို တည်ထောင်ခဲ့ပြီး အစိုးရအဆက်ဆက်ကို ပြစ်တင်ဝေဖန်ခဲ့တဲ့ နာမည်ကြီး သတင်းထောက် ဇာမိုရာဟာ ငွေကြေးခဝါချမှု စွဲချက်နဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လမှာ အဖမ်းခံခဲ့ရတာပါ။

ဇာမိုရာဟာ အဖြူရောင်ဗင်ကားတစီးနဲ့ ထောင်ကထွက်လာပြီး အပြင်မှာစုဝေးနေတဲ့ သတင်းထောက်တွေကို စကားပြောဆိုခဲ့ပါတယ်။ 

သူဟာ အနာဂတ်မှာ ထောင်ချခံရနိုင်ခြေကို မငြင်းဘဲ အပြစ်ကင်းစင်မှုကို စိတ်ချလက်ချ ထိန်းသိမ်းထားကြောင်းနဲ့ သူ့အလုပ်ကြောင့် နိုင်ငံရေးအကျဉ်းသား ဖြစ်တာလို့လည်း သူက ပြောထားပါတယ်။ 

ဇာမိုရာဟာ ငွေကြေးခဝါချမှုနဲ့ ၂၀၂၃ ခုနှစ်မှာ ထောင်ဒဏ် ၆ နှစ် ချမှတ်ခံခဲ့ရတဲ့နောက်ပိုင်းမှာ အယူခံတရားရုံးတခုက ပြစ်ဒဏ်ကိုပယ်ဖျက်ခဲ့ပြီး ၂၀၂၅ ခုနှစ်အတွက် ရုံးချိန်းအသစ်ကို အမိန့်ချခဲ့ပါတယ်။

ဇာမိုရာဟာ တရားခွင်အကြို အကျဉ်းထောင်အတွင်း ထိန်းသိမ်းခံထားရတဲ့ ကာလဟာ လူ့အခွင့်အရေးစံနှုန်းတွေနဲ့အညီ ကန့်သတ်ချက် ပြည့်သွားပြီလို့ တရားသူကြီး အဲရစ်ခ် ဂါစီယာက  စောဒကတက်ခဲ့ပါတယ်။

ဇာမိုရာဟာ နှိပ်စက်ခံရနိုင်တဲ့အခြေအနေမှာ အချုပ်ခံထားရတယ်လို့  ကုလသမဂ္ဂက ကျွမ်းကျင်သူများအဖွဲ့ရဲ့ အစီရင်ခံစာကို ကိုးကားပြီး သြဂုတ်လမှာ ပြောခဲ့ပါတယ်။

လူမဆန်တဲ့ အခြေအနေစွဲချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ကိုလည်း အာဏာပိုင်တွေကို တောင်းဆိုခဲ့ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013