မန်စီးတီးနဲ့ နောက်ထပ်တရာသီဖြတ်သန်းအပြီးမှာ အသင်းကနေ ထွက်ခွါနိုင်ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
ဂွါဒီယိုလာဟာ ၂၀၂၄-၂၀၂၅ ဘောလုံးရာသီအထိ စာချုပ်သက်တမ်းကျန်ရှိတာပါ။
အသင်းရဲ့ဘောလုံးဒါရိုက်တာ ဘက်ဂီရီစတိန်းက အသင်းကနေ ထွက်ခွါဖို့ဆုံးဖြတ်ခဲ့ပြီးနောက် နည်းပြဂွါဒီယိုလာရဲ့ အနာဂတ်ဟာလည်း မရေမရာဖြစ်လာခဲ့တာပါ။
မန်စီးတီးမှာ ဆက်ရှိနေတဲ့အကြောင်းပြချက်က ရင်းနှီးတဲ့ မိတ်ဆွေဖြစ်သူ ဘက်ဂီရိစတိန်း ကြောင့်ဖြစ်ပြီး အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးခဲ့ပြီးနောက် ထွက်ခွါဖို့ရှိကြောင်း နည်းပြ ဂွါဒီယိုလာက ပြောသွားပါတယ်။
Photo-Reuters