မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာဇော်မြင့်မောင်ရဲ့ ရက်လည်ဆွမ်းကပ်ပွဲနဲ့ နွေဦးတော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲတော်ကို အမေရိကန်ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ ဆန်ဖရန်စစ္စကို ဘေးဧရိယာမှာ အောက်တိုဘာ ၁၃ ရက်က ကျင်းပပါတယ်။
ဒေါက်တာဇော်မြင့်မောင်ရဲ့ ရက်လည်ဆွမ်းကပ်နဲ့ အမှတ်တရ စကားပြောတဲ့ အခမ်းအနားကို Free Burma Action Committee-Northern California က ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး ၁၉ ကြိမ်မြောက် နွေဦးတော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲတော်ကို ကျင်းပခဲ့ပါတယ်။
ဒါ့အပြင် တတိယအကြိမ်မြောက် အမျိုးသားညီညွတ်ရေးအစိုးရ ဝန်ကြီးချုပ်ဖလားပွဲမှာ အနိုင်ရရှိတဲ့ ဘောလုံးအသင်းတွေကိုလည်း ဆုပေးပွဲအခမ်းအနား ပြုလုပ်ခဲ့ပါတယ်။ နွေဦးတော်လှန်ရေး ရန်ပုံငွေစျေးရောင်းပွဲတော်က ရရှိတဲ့ ရန်ပုံငွေတွေကိုလည်း မြေပြင်ကို တိုက်ရိုက်လှူဒါန်းသွားမယ်လို့ သိရပါတယ်။