ထိုင်းနိုင်ငံမြောက်ပိုင်း၊ ချင်းမိုင်မှာ ရေကြီးမှုကြောင့် ဘေးမဲ့တောက ဆင်တွေအပါအဝင် တိရစ္ဆာန်တွေကို ကယ်တင်နိုင်ဖို့ ရုန်းကန်နေရပါတယ်။
ချင်းမိုင်မှာ ရေကြီးမှုတွေကြောင့် ဆင်ကောင်ရေ ၁၀၀ ကျော်၊ ဝက်တွေနဲ့ တခြားတိရိစ္ဆာန်တွေကို ကယ်ဆယ်ဖို့ ခက်တယ်လို့ အကြီးတန်းအရာရှိတယောက်က သောကြာနေ့မှာ ပြောကြားခဲ့တာပါ။
ဆင်ကောင်ရေ ၁၁၇ ကောင်ကို ဘေးလွတ်ရာကို ရွှေ့ပြောင်းနိုင်ခဲ့ပြီး ၉ ကောင်ကျော်ကတော့ အကူအညီပေးဖို့ လိုအပ်နေတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်မှာလည်း တိရစ္ဆာန်တွေ ကယ်တင်မှုတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ သောကြာနေ့က သတင်းထောက်တွေကို ဒုဝန်ကြီးချုပ်က ပြောကြားပါတယ်။
ဆင်ဟာ ထိုင်းနိုင်ငံရဲ့ အမျိုးသားတိရစ္ဆာန်ဖြစ်ပြီး ကံကောင်းမှုတွေ ယူဆောင်ပေးနိုင်တဲ့ သင်္ကေတ တခုလို့ ဆိုပါတယ်။ တချိန်တုန်းက ထိုင်းနိုင်ငံရဲ့ အလံမှာ ဆင်ဖြူတော်ပုံ ထည့်သွင်းခဲ့ဖူးတာလည်း တွေ့ရပါတယ်။
ရေကြီးတာကြောင့် ဝက်တွေနဲ့ ကျွဲတွေလည်း ရွာတရွာမှာ သောင်တင်နေတယ်လို့ ကယ်ဆယ်ရေး လုပ်နေတဲ့ သဘာဝပတ်ဝန်းကျင်းချစ်မြတ်နိုးသူအမျိုးသမီး တယောက်က ဆိုပါတယ်။
ချင်းမိုင်အခြေစိုက် သဘာဝဥယျာဉ်တည်ထောင်သူရဲ့ ဆိုရှယ်မီဒီယာမှာ ဖော်ပြတဲ့ ဗွီဒီယိုအရ ရေကြီးမှုကြောင့် ဆင်တွေ အုပ်လိုက် ဘေးလွတ်ရာကို ပြေးနေတဲ့ပုံ တွေ့မြင်ရပါတယ်။
အဲဒီဆင်အုပ်ထဲမှာ မျက်စိမမြင်တဲ့ ဆင်လည်း ပါဝင်ပြီး နောက်ဆုံးကနေ ဖြည်းညင်းစွာ ပြေးနေရတယ်လို့ သူက ရေးသားထားပါတယ်။
အရှေ့တောင်အာရှနိုင်ငံတွေရှိ မြောက်ပိုင်းဒေသတွေဟာ ဩဂုတ်လကနေ စပြီး ရေကြီးမှုတွေ ဖြစ်ပွားခဲ့ပြီး ၄၉ ဦး သေဆုံးကာ ထောင်ပေါင်းများစွာ ရွှေ့ပြောင်းခဲ့ရပါတယ်။
Source-Reuters