Home
နိုင်ငံတကာ
၂၀၂၅ ခုနှစ် အရှေ့တောင်အာရှ ထိပ်တန်းတက္ကသိုလ်စာရင်းတွင် စင်ကာပူဦးဆောင်
DVB
·
October 4, 2024
Photo-Seasia Stats

ဗြိတိန်အခြေစိုက် QS World University Rankings(QUR) က ထုတ်ပြန်တဲ့ ၂၀၂၅ ခု နှစ်အတွက် အရှေ့တောင်အာရှ ထိပ်တန်းတက္ကသိုလ်တွေစာရင်းမှာ စင်ကာပူ နာမည်ကြီးတက္ကသိုလ် National University of Singapore က ရမှတ် ၉၃ ဒသမ ၇ မှတ်နဲ့ ထိပ်ဆုံးမှာ ရှိနေပြီး သူ့နောက်မှာ Nanyang Technological University တို့က အသီးသီး ဦးဆောင်နေပါ တယ်။

အဲဒီနောက်မှာတော့ မလေးရှားတက္ကသိုလ်တခုဖြစ်တဲ့ University of Malaya အပါအဝင် မလေးရှားတက္ကသိုလ် ၈ ခုက အရှေ့တောင်အာရှ ထိပ်တန်းတက္ကသိုလ် ၁၅ ခုစာရင်း မှာ ပါဝင်လာသလို ထူးခြားတာကတော့ အင်ဒိုနီးရှားတက္ကသိုလ်တွေဖြစ်တဲ့ Universitas Indonesia (UI)၊ Universitas Gadjah Mada (UGM) နဲ့ Institut Teknologi Bandung (ITB) တို့လို တက္ကသိုလ်တွေ ပါဝင်လာတာက အရှေ့တောင်အာရှဒေသထဲ တိုးတက်လာနေတဲ့ ပညာရေးအရည်အသွေးကို ပြသနေတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံ နာမည်ကြီး Chulalongkorn University ကတော့ ရမှတ် ၄၃ ဒသမ ၄ မှတ်နဲ့ အရှေ့တောင်အာရှဒေသတွင်း ထိပ်တန်းတက္ကသိုလ်အဆင့် ၉ နေရာမှာ ရှိနေတာပါ။

QS WUR 2025 အနေနဲ့ ကမ္ဘာတဝန်းက တက္ကသိုလ်ပေါင်း ၁,၅၀၀ ကျော်ကို အဆင့် သတ်မှတ်ခဲ့ပြီး စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ အင်ဒိုနီးရှားနိုင်ငံတွေက တက္ကသိုလ်တွေက ဒေသတွင်း ယှဉ်ပြိုင်နိုင်စွမ်းနဲ့ ပညာရေးဆိုင်ရာ တိုးတက်မှုကို ထင်ဟပ်စေကာ ထိပ်တန်း အဆင့်တွေ ရရှိစေခဲ့တယ်လို့ ဆိုပါတယ်။

ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်တွေစာရင်းမှာတော့ နံပါတ် ၁ နေရာမှာ အမေရိကန်အခြေစိုက် နာမည်ကြီး Massachusetts Institute of Technology (MIT) က ရမှတ် ၁၀၀ နဲ့ ၁၃ နှစ်ဆက်တိုက် ထိပ်ဆုံးက ရှိနေပြီး သူ့ နောက်မှာတော့ အင်္ဂလန်နိုင်ငံက Imperial College London နဲ့ University of Oxford ထိပ်တန်း တက္ကသိုလ် ၃ ခုအဖြစ် ရပ်တည်နေတာပါ။

အဲဒီနောက်မှာတော့ နာမည်ကျော် Harvard University နဲ့ University of Cambridge တို့က အသီးသီး ရှိနေတာ ဖြစ်ပါတယ်။

QS WUR 2025 က ထုတ်ပြန်တဲ့ ၂၀၂၅ ခုနှစ်အတွက် ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်အဆင့် သတ်မှတ်ချက်တွေထဲမှာတော့ စစ်အာဏာသိမ်းမှုနဲ့ ပညာရေးအပါအဝင် ကဏ္ဍအသီးသီးမှာ အဘက်ဘက်က ယိုယွင်းပျက်စီး ကျဆင်းနေတဲ့ မြန်မာနိုင်ငံက တက္ကသိုလ်တွေ တခုမှ ပါဝင်လာခြင်း မရှိပါဘူး။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013