Home
အားကစား
ရိုဒရီ ဒဏ်ရာကြောင့် ရာသီကုန်သည်အထိ ကစားနိုင်တော့မည်မဟုတ် 
DVB
·
September 29, 2024
Photo - Reuters/Jason Cairnduff

မန်စီးတီး ကွင်းလယ်လူ ရိုဒရီရဲ့ ဒဏ်ရာ ခွဲစိတ်ကုသရမှာဖြစ်လို့ ရာသီကုန်အထိ  ကစားနိုင်တော့မှာ မဟုတ်ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။ 

အစောပိုင်းကတည်းက ရာသီကုန်တဲ့အထိ အနားယူရမယ်လို့ ထင်ကြေးပေးခဲ့ကြပေမဲ့ မက်ဒရစ်မှာ ခွဲစိတ်ကုသမူခံယူဖို့ ဖြစ်လာချိန်မှာ ရာသီကုန်အထိ အနားယူရဖို့ ဖြစ်လာခဲ့တာပါ။ 

မမျှော်လင့်ဘဲနဲ့ ရိုဒရီရဲ့ ဒဏ်ရာက ထင်တာထက်ဆိုးရွားခဲ့ပြီး  ရာသီကုန်ဆုံးချိန်အထိ ပြန်ကစားနိုင်တော့မှာ မဟုတ်ကြောင်း နည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

ရိုဒရီအတွက် ဝန်းရံပေးသွားဖို့ လိုအပ်ပြီး ရိုဒရီဘက်ကလည်း တဆင့်ချင်းစီ ပြန်လည်ကောင်းမွန်လာဖို့ လုပ်ဆောင်သွားမှာဖြစ်ကြောင်း နည်းပြဂွါဒီယိုလာက ပြောသွားပါတယ်။

ကွင်းလယ်ကစားသမား ရိုဒရီမရှိတော့တဲ့ ကွင်းလယ်အတွက် အဖြေတခုရှာ ဖွေဖို့လိုအပ်ကြောင်းလည်း မန်စီးတီးနည်းပြ ဂွါဒီယိုလာက ပြောပါတယ်။

စပိန်ကွင်းလယ်လူဟာ အာဆင်နယ်နဲ့ပွဲစဉ်မှာရရှိခဲ့တဲ့ ဒူးအရွတ်ဒဏ်ရာကြောင့် တရာသီလုံးအနားယူရတော့မှာပါ။

နည်းပြဂွါဒီယိုလာကတော့ ရိုဒရီဟာ ပြန်ကစားနိုင်တာကို နှစ်သက်ပေမဲ့ ရိုဒရီ မကစားနိုင်တော့တဲ့ ကွင်းလယ်ပိုင်းအတွက်တော့ အဖြေတခု ရှာဖွေသွားမှာဖြစ်ကြောင်း ဂွါဒီယိုလာက ပြောပါတယ်။

ရိုဒရီ မပါဝင်ခဲ့တဲ့ မန်စီးတီး နယူးကာဆယ်နဲ့ ပွဲမှာ သရေရလဒ်နဲ့သာကျေနပ်ခဲ့ရတာပါ။ နည်ပြအက်ဒီဟောက်နဲ့ တောင်ပံတိုက်စစ်မှူးတွေရဲ့ စွမ်းဆောင်ရည်ကိုလည်း ဂွါဒီယိုလာက ချီးကျူးသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024