ရုရှားနိုင်ငံ ဒါဂက်စ်တန်ဒေသရှိ လောင်စာဆီဆိုင် တခုမှာ သောကြာနေ့က ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီးနောက် သေဆုံးသူအရေအတွက် ၁၀ ဦးအထိ မြင့်တက်လာခဲ့ကြောင်း ရုရှား အရေးပေါ် အခြေအနေ ဝန်ကြီးဌာနက စက်တင်ဘာ ၂၇ ရက်မှာ ပြောကြားခဲ့ပါတယ်။
မာကက်ချ်ကာလာ မြို့ဆင်ခြေဖုံးမှာ ပေါက်ကွဲမှုကြောင့် နောက်ထပ် လူ ၁၁ ဦး ဒဏ်ရာရခဲ့ပြီး ဆေးရုံကို ပို့ဆောင်ပေးထားတယ်လို့ ကျန်းမာရေးအာဏာပိုင်တွေကို ကိုးကားပြီး အရေးပေါ် ဝန်ကြီးဌာနက ပြောပါတယ်။
အဲဒီဓာတ်ဆီဆိုင်ကို ဝန်ထမ်းတွေ စေလွှတ်ထားပြီး ကျွမ်းကျင်ပညာရှင် ၁၁၉ ဦးနဲ့ မော်တော်ယာဉ် ၂၇ စီး ရောက်ရှိနေပြီလို့လည်း ဆိုပါတယ်။
ပေါက်ကွဲမှု ဖြစ်ပွားရာနေရာမှ အပျက်အစီးတွေကို ရှင်းလင်းကာ ရှာဖွေကယ်ဆယ်ရေးတွေ လုပ်ဆောင်နေကြောင်း TASS သတင်းဌာနက ဖော်ပြပါတယ်။
Source-Reuters