ရှမ်းတောင်နဲ့ ကယား(ကရင်နီ)ပြည်နယ်စပ်က စပါးခင်းနဲ့ စိုက်ပျိုးခြံဧကပေါင်း သောင်းနဲ့ချီပြီး ရေနစ်မြုပ်ပျက်စီးခဲ့တာကြောင့် အဲ့ဒီဒေသကပြည်သူတွေဟာ ရေရှည်မှာ ဆန်စပါးရှားပါးမယ့် အခြေနေနဲ့ ကြုံတွေ့လာနိုင်တယ်လို့ ဒေသခံတွေကပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်လောင်း၊ ဖယ်ခုံ၊ စံကား၊ မိုးဗြဲ၊ ညောင်ရွှေ၊ အင်းလေး၊ ဆီဆိုင်၊ ဟိုပုံးနဲ့ ကယား(ကရင်နီ)ပြည်က လွိုင်ကော်၊ ဒီမောဆိုက စပါးစိုက်ခင်းနဲ့ စိုက်ပျိုးခြံဧကပေါင်း သောင်းနဲ့ချီဟာ မိုးများ ရေကြီးမှု ကြောင့် ရေနစ်မြုပ်ပျက်ဆီးခဲ့ပါတယ်။
ဒါ့ကြောင့် အဲ့ဒီဒေသက ပြည်သူတွေဟာ ရေရှည်မှာ ဆန်စပါးရှားပါးမယ့် အခြေနေနဲ့ ကြုံတွေ့လာနိုင်တယ်လို့ ဒေသခံတွေကပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်း ဖယ်ခုံအင်းနဲ့ အင်းလေးဒေသက ကျေးရွာတွေနဲ့ စိုက်ခင်းတွေ ကယား(ကရင်နီ)ပြည်က ဘီလူချောင်းနဲ့ ပွန်ချောင်းနဘေးက ကျေးရွာတွေနဲ့ စိုက်ခင်းတွေ လက်ရှိအချိန်ထိရေနစ်မြုပ်တာ ၁၀ ရက်ကျော်ရှိပြီဖြစ်ပါတယ်။
ဒီဒေသကပြည်သူတွေဟာ ဒေသတွင်းကထွက်ရှိတဲ့ ဆန်စပါးကိုသာ အဓိကအဖြစ် စားသုံးကြတာပါ။ သူတို့ အားထားရတဲ့ စပါးခင်းနဲ့ ရာသီပေါ်သီးနှံ့စိုက်ပျိုးခြံတွေ ပျက်စီးကုန်တာကြောင့် ပြည်မဘက်က တင်ပို့မယ့် ဆန်ကိုပဲ အားကိုရတော့မှာဖြစ်တယ်လို့ ဒေသခံတွေကဆိုပါတယ်။
ကုလသမဂ္ဂအေဂျင်စီ UNOCHA ရဲ့ထုတ်ပြန်ချက်မှာတော့ ပဲခူး၊ ကယား၊ မကွေး၊ မန္တလေး၊ မွန်၊ နေပြည်တော်၊ ရခိုင်၊ စစ်ကိုင်းနဲ့ ရှမ်း အရှေ့နဲ့ တောင်ပိုင်းတို့မှာ လျှပ်တပြက်ရေကြီးမှုကြောင့် လူ ၈၈၇၀၀၀ ကျော် ရေဘေးသင့်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
ရေဘေးသင့်သူတွေကို ကူညီပေးဖို့လိုအပ်နေပြီး အဲ့ဒီဒေသတွေကို အကန့်သတ်မရှိသွားလာခွင့်လည်း အရေးပေါ်လိုအပ်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။
ခွန်ဇော်ဦး