ပွဲဆက်တွေများနေတာက ဘောလုံးလောကအတွက် မကောင်းကြောင်း မန်ယူနည်းပြအဲရစ်တန်ဟတ်ဂ်က ပြောသွားပါတယ်။
အခုနှစ်ရာသီမှာ ပြုပြင်ပြောင်းလဲလိုက်တဲ့ ပြိုင်ပွဲစည်းမျဉ်းတွေအရ ဥရောပဝင်ခွင့် ရရှိထားတဲ့အသင်းအားလုံးက မနှစ်ကရာသီထက်ပွဲစဉ်အရေအတွက် ပိုများလာခဲ့တာပါ။
ဒီလိုပွဲစဉ်တွေများလာတာက ကစားသမားတွေအပေါ် ဝန်ပိစေမှာဖြစ်သလို ဒဏ်ရာ အလွယ်တကူရရှိစေနိုင်တယ်လို နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ထိပ်တန်းကစားသမားတွေအတွက်ဆိုရင်လည်း မနိုင်ဝန်ထမ်းနေရတဲ့အခြေအနေဖြစ်တာကြောင့် ပွဲဆက်တွေ များနေတာက ဘောလုံးလောကအတွက်လည်း မကောင်းကြောင်း နည်းပြတန်ဟတ်ဂ်က ပြောသွားပါတယ်။
Photo-Reuters