Home
အားကစား
၂ ဂိုးသွင်းခဲ့တဲ့ တိုက်စစ်မှူး ဂျက်ဆင်ကို ချဲလ်ဆီးနည်းပြ ချီးကျူး
DVB
·
September 22, 2024
Photo - Andrew Couldridge/Action Images/Reuters

ဝက်စ်ဟမ်းနဲ့ပွဲစဉ်မှာ ၂ ဂိုးသွင်း၊ ၁ ဂိုးဖန်တီးပြီး ခြေစွမ်းပြခဲ့တဲ့ တိုက်စစ်မှူး နီကိုလက်ဂျက်ဆင်ကို  ချဲလ်ဆီး နည်းပြမာရက်စ်ကာနဲ့ ပါလ်မာတို့က ချီးကျူးသွားပါတယ်။ 

ဆီနီဂေါတိုက်စစ်မှူးဟာ ပွဲစဉ် ၄ ဖြစ်တဲ့ ဘုန်းမောက်နဲ့ပွဲမှာ ဂိုးပေါက်ပျောက်ခဲ့ပြီးနောက် ဝက်စ်ဟမ်းနဲ့ပွဲစဉ် ၅ မှာ ၂ ဂိုးသွင်း ၁ ဂိုးဖန်တီးနိုင်ခဲ့တာပါ။

ဂျက်ဆင်ရဲ့စွမ်းဆောင်ရည်အပေါ် ၁၀၀ ရာခိုင်နှုန်းပြည့်ကျေနပ်ပျော်ရွှင်မိကြောင်း၊ ဂျက်ဆင်ဟာ ဘောလုံးနဲ့အတူ ကောင်းမွန်စွာ လုပ်ဆောင်နိုင်ပြီး လေ့ကျင့်ရေးကွင်းမှာလည်း  အပြင်းအထန်ကြိုး စားသူဖြစ်ကြောင်း နည်းပြမာရက်စ်က ပြောပါတယ်။

အသင်းဖော် ပါလ်မာကတော့ ဂျက်ဆင်က ထိပ်တန်းအဆင့်တိုက်စစ်မှူးဆိုတာ အားလုံးက အသိအမှတ်ပြုထားပြီး ဘာတွေ စွမ်းဆောင်ပြနိုင်လဲ ဆိုတာကိုလည်း သိရှိပြီးသားဖြစ် ကြောင်းချီးကျူးပါတယ်။

ဂျက်ဆင်ဟာ နောက်ဆုံးပရီးမီးယားလိဂ် ၂၉ ပွဲ မှာ ဂိုးပါဝင်ပတ်သက်မူ ၂၃ ကြိမ်အထိရှိခဲ့သလို ပွဲထွက်ခွင့်ရတဲ့ နောက်ဆုံး၁၀ပွဲမှာလည်း   ၈ဂိုးသွင်း၊ ၃ကြိမ် ဂိုးဖန်တီးနိုင်ခဲ့တာ ဖြစ်ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024