Home
နိုင်ငံတကာ
ဗင်နီဇွဲလား အတိုက်အခံသမ္မတလောင်း စပိန်သို့ ထွက်ပြေး
DVB
·
September 9, 2024
Photo - REUTERS/Leonardo Fernandez Viloria

ဗင်နီဇွဲလားအတိုက်အခံသမ္မတလောင်း အက်ဒ်မွန်ဒိုဂွန်ဇာလက်ဟာ နိုင်ငံကနေ ထွက်ပြေးပြီး စပိန်နိုင်ငံမှာ ခိုလှုံဖို့ ကြိုးပမ်းခဲ့တယ်လို့ ဗင်နီဇွဲလားအစိုးရက ထုတ်ပြန်ပါတယ်။

ဇူလိုင်သမ္မတ ရွေးကောက်ပွဲရလဒ် အငြင်းပွားပြီးနောက်မှာ ဂွန်ဇာလက်ဟာ ပုန်းအောင်းနေခဲ့ရပြီး ဖမ်းဆီးဖို့ အမိန့်ထုတ်ခံထားရသူ ဖြစ်ပါတယ်။

အစိုးရက ထိန်းချုပ်ထားတဲ့ ရွေးကောက်ပွဲကောင်စီက လက်ရှိသမ္မတ နီကိုလပ်စ်မာဒူရိုပဲ အနိုင်ရတယ်လို့ ကြေညာခဲ့ပေမဲ့ အတိုက်အခံဘက်က အငြင်းပွားခဲ့တာပါ။

ဂွန်ဇာလက်ဟာ ရှေ့ရက်ပိုင်းမှာကတည်းက ဗင်နီဇွဲလားမြို့တော်မှာရှိတဲ့ စပိန်သံရုံးမှာ ခိုလှုံနေခဲ့ပြီး နောက်ပိုင်းမှာ စပိန်နိုင်ငံမှာ နိုင်ငံရေးခိုလှုံခွင့်တောင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။ 

ဒီအတွက် ဂွန်ဇာလက် ထွက်ခွာနိုင်ရေး ဘေးကင်းတဲ့လမ်းကြောင်းဖွင့်ပေးဖို့စပိန်သံရုံးက ဗင်နီဇွဲလားအစိုးရကို တောင်းဆိုခဲ့ရမှာ အစိုးရဘက်ကလည်း သဘောတူခဲ့တာကြောင့် အခုလိုထွက်ခွာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

စပိန်စစ်လေယာဉ်တစင်းနဲ့ ဂွန်ဇာလက် ဘေးကင်းစွာထွက်ခွာနိုင်ခဲ့တယ်လို့ ရှေ့နေဖြစ်သူက အတည်ပြုပါတယ်။  ဒါပေမဲ့ ဗင်နီဇွဲလားမြို့တော်က အာဂျင်တီးနားသံရုံးကိုတော့ ဗင်နီဇွဲလားတပ်တွေက ဝိုင်းထားပါတယ်။ 

အဲဒီသံရုံးထဲမှာလည်း နိုင်ငံရေးအတိုက်အခံ ၆ ယောက် ခိုလှုံနေတယ်လို့ဆိုပါတယ်။ ဗင်နီဲဇွလားအစိုးရကတော့ သံရုံးထဲမှာ အကြမ်းဖက်ဖို့ အစီအစဉ်တွေ ကြံစည်နေကြတယ်လို့ စွပ်စွဲထားပါတယ်။ 

အတိုက်ခံဘက်က အထင်ရှားဆုံးခေါင်းဆောင် မာရီယာကော်ရီနာမာချာဒို ရွေးကောက်ပွဲ ပြိုင်ခွင့် ပိတ်ခံရလို့ အသက် ၇၅ နှစ်အရွယ် သံတမန်ဟောင်း ဂွန်ဇာလက်ကို ရွေးကောက်ပွဲပြိုင်စေခဲ့တာ ဖြစ်ပါတယ်။

လွတ်လပ်တဲ့စောင့်ကြည်သူတွေနဲ့ အတိုက်အခံတို့ရဲ့ မဲရေတွက်မှုအရ ဂွန်ဇာလက်နိုင်တယ်လို့ဆိုပေမဲ့ ရွေးကောက်ပွဲကောင်စီကတော့ လက်ရှိသမ္မတပဲနိုင်တယ်လို့ အတည်ပြုခဲ့တာ ဖြစ်ပါတယ်။

Source-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013